ဒီရာသီချဲလ်ဆီးအသင်းရဲ့ ပထမဆုံးကစားသမားခေါ်ယူမှု ဖြစ်လာဖွယ်ရှိတဲ့ အစ္စကို

ချဲလ်ဆီးအသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားခေါ်ယူခွင့်ပြန်လည်ခွင့်ပြုခံခဲ့ရပြီးနောက်မှာတော့ လာမယ့်ဆောင်းရာသီကာလမှာကစားသမားသစ်တွေအသင်းထံခေါ်ယူနိုင်ဖို့အတွက် ချဲလ်ဆီးအသင်း စတင်ပြင်ဆင်နေခဲ့ပါပြီ။

Loading...

အသင်းနည်းပြ လမ်းပတ်အတွက်ကို ချဲလ်ဆီးအသင်းက အပြောင်းအရွှေ့အသုံးစရိတ် ပေါင်သန်း ၁၅၀ လောက်ထုတ်ပေးသွားဖို့ရှိနေခဲ့သလို လာမယ့်ဆောင်းရာသီမှာတော့ ချဲလ်ဆီးအသင်းရဲ့ ကစားသမားအပြောင်းအရွှေ့အတွက် ပြင်ဆင်ကြိုးစားမှုတော်တော်များများကိုတော့မြင်တွေ့ရဖို့ရှိနေခဲ့ပါတယ်။အခြားဥရောပအသင်းတွေကလည်း အပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူဖို့အတွက်ကို ပစ်မှတ်ထားစီစဉ် ‌နေခဲ့တာကြောင့် လမ်းပတ်အနေနဲ့ ကစားသမားခေါ်ယူနိုင်ဖို့အတွက်ကို တော်တော်လေးတော့ ကြိုးစားပြင်ဆင်ရဦးမှာဖြစ်ပါတယ်။

အသင်းရဲ့ တိုက်စစ်ပိုင်းကိုပြင်ဆင်ဖို့စီစဉ်နေခဲ့တဲ့ ချဲလ်ဆီးအသင်းကတော့ ရီးရဲလ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အစ္စကိုကိုခေါ်ယူဖို့အတွက် စတင်ပြင်ဆင်လာခဲ့ပါတယ်။ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာအသင်းအတွက် ပါဝင်ကစားခွင့် ရရှိခဲ့ပေမယ့် အသင်းနည်းပြ ဇီဒန်းကတော့ အစ္စကိုကိုအသင်းကနေ ထွက်ခွာစေလိုနေပြီး လာမယ့်ဆောင်းရာသီကာလမှာအသင်းကနေ ထွက်ခွာခွင့်ပြုမပြုဆိုတာကတော့ မသချောသေးဘူးလို့ဆိုပါတယ်။

အခြားအသင်းတွေနဲ့ ကစားသမားအပြောင်းအရွှေ့အတွက် ချဲလ်ဆီးအသင်းမပြိုင်ဆိုင်ချင်ဘူးဆိုရင်တော့ ယူရို ၅၂ သန်းလောက်ပေးချေခဲ့ရင်ကို ခေါ်ယူနိုင်တော့မှာဖြစ်တာကြောင့် ဒီငွေကြေးကို ချဲလ်ဆီးအသင်း ချက်ခြင်းပေးချေသွားဖွယ်ရှိနေခဲ့ပါတယ်။ရီးရဲလ်အသင်းကလည်း ပေါ့ဘာကိုခေါ်ယူဖို့ စီစဉ်နေခဲ့တာကြောင့် အပြောင်းအရွှေ့အတွက် ငွေကြေးတစ်စိတ်တစ်ပိုင်းရရှိနိုင်ဖို့ကိုတော့ ရီးရဲလ်အသင်းက ကစားသမားကိုထုတ်ပြီးရောင်းချသွားဖို့အတွက် စီစဉ်ဖွယ်ရှိနေတာကြောင့် အစ္စကိုရဲ့ အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့က ရာခိုင်နှုန်းများနေတယ်လို့ ဆိုပါတယ်။

#ballmyanmar