မန္ယူအသင္းရဲ့ပစ္မွတ္ အဲရစ္ဆန္ကို လက္မလႊတ္ရဖို႔ ႀကိဳးစားေနတဲ့ ေမာ္ရင္ဟို

စပါးအသင္းဟာေနာက္ခံလူအယ္လ္ဒါ၀ီရယ္ကို အသင္းမွာဆက္လက္ရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ျပီးေနာက္ နည္းျပေမာ္ရင္ဟိုဟာ အျခား၀ါရင့္ကစားသမားေတြျဖစ္တဲ့ ဗာတြန္ဂန္နဲ႔ အဲရစ္ဆန္တို႔ကိုပါ စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏုိင္ဖို႔ ၾကိဳးစားေနျပီျဖစ္ပါတယ္။ စပါးအသင္းဟာ အသင္းကေန အလြတ္ထြက္ခြာသြားဖို႔ေတာင္ရွိေနတဲ့ အယ္လ္ဒါ၀ီရယ္ကို ၃ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုႏိင္ခဲ့တာျဖစ္ပါတယ္။

Loading...

ေမာ္ရင္ဟို ေရာက္ရွိလာျပီးေနာက္မွာ ခံစစ္ပိုင္းအတြက္ အေရးပါတဲ့ ကစားသမားတစ္ဦးကို ထိန္းသိမ္းထားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒီအတြက္ စပါးအသင္းက က်န္ကစားသမားေတြကိုလည္း ဆြဲေဆာင္ႏိုင္ဦးမယ္လုိ႔ ယံုၾကည္ေနျပီျဖစ္ျပီး အသင္းနဲ႔လမ္းခြဲဖို႔ နီးစပ္ေနတဲ့ ကစားသမားႏွစ္ဦးကို စာခ်ဳပ္သစ္အတြက္ ၾကိဳးစားေတာ့မွာျဖစ္ပါတယ္။

“ အဲရစ္ဆန္တစ္ဦးတည္းအေၾကာင္းကိုပဲ ေျပာရမယ္ဆိုရင္ သူ႔ကို ကၽြန္ေတာ္စာခ်ဳပ္သစ္ခ်ဳပ္ခ်င္ပါတယ္၊ က်န္တာေတာ့ ကၽြန္ေတာ္ ဘာမွမေျပာႏိုင္ပါဘူး” လို႔ ေမာ္ရင္ဟိုက ေျပာခဲ့ပါတယ္။ ဗာတြန္ဂန္ကိုလည္း အယ္လ္ဒါ၀ီရယ္လိုမ်ိဳး စာခ်ဳပ္သစ္ခ်ဳပ္ခ်င္သလားဆိုတာကိုလည္း ေမာ္ရင္ဟိုက စာခ်ဳပ္ခ်ဳပ္ခ်င္တယ္လုိ႔ ၀န္ခံခဲ့ပါတယ္။

“ အသင္းက အလိုရွိေနတဲ့အခ်ိန္မွာ ကစားသမားတစ္ဦးကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုရမယ္လုိ႔ ကၽြန္ေတာ္ထင္ပါတယ္၊ ကၽြန္ေတာ္ အခု စပါးမွာပါ၊ လီဗိုင္းလည္း ရွိေနပါတယ္” လို႔ ေမာ္ရင္ဟိုက ေျပာဆိုခဲ့ပါတယ္။ အဲရစ္ဆန္ကေတာ့ စပါးနဲ႔ ရာသီကုန္မွာ စာခ်ဳပ္ကုန္ေတာ့မွာျဖစ္ျပီး အသင္းက ထြက္ခြာခ်င္တယ္လို႔ တရား၀င္ေျပာၾကားထားသူျဖစ္ကာ ေမာ္ရင္ဟိုက ဆက္လက္ထိန္းသိမ္းႏိုင္မလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ လက္ရိွအခ်ိန္မွာ သူ႔ကိုေခၚယူဖို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းက စိတ္၀င္စားေနတာလည္း ျဖစ္ပါတယ္။

#ballmyanmar

Unicode

စပါးအသင်းဟာနောက်ခံလူအယ်လ်ဒါဝီရယ်ကို အသင်းမှာဆက်လက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် နည်းပြမော်ရင်ဟိုဟာ အခြားဝါရင့်ကစားသမားတွေဖြစ်တဲ့ ဗာတွန်ဂန်နဲ့ အဲရစ်ဆန်တို့ကိုပါ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။ စပါးအသင်းဟာ အသင်းကနေ အလွတ်ထွက်ခွာသွားဖို့တောင်ရှိနေတဲ့ အယ်လ်ဒါဝီရယ်ကို ၃ နှစ်စာချုပ်ချုပ်ဆိုနိင်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟို ရောက်ရှိလာပြီးနောက်မှာ ခံစစ်ပိုင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးကို ထိန်းသိမ်းထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒီအတွက် စပါးအသင်းက ကျန်ကစားသမားတွေကိုလည်း ဆွဲဆောင်နိုင်ဦးမယ်လို့ ယုံကြည်နေပြီဖြစ်ပြီး အသင်းနဲ့လမ်းခွဲဖို့ နီးစပ်နေတဲ့ ကစားသမားနှစ်ဦးကို စာချုပ်သစ်အတွက် ကြိုးစားတော့မှာဖြစ်ပါတယ်။

“ အဲရစ်ဆန်တစ်ဦးတည်းအကြောင်းကိုပဲ ပြောရမယ်ဆိုရင် သူ့ကို ကျွန်တော်စာချုပ်သစ်ချုပ်ချင်ပါတယ်၊ ကျန်တာတော့ ကျွန်တော် ဘာမှမပြောနိုင်ပါဘူး” လို့ မော်ရင်ဟိုက ပြောခဲ့ပါတယ်။ ဗာတွန်ဂန်ကိုလည်း အယ်လ်ဒါဝီရယ်လိုမျိုး စာချုပ်သစ်ချုပ်ချင်သလားဆိုတာကိုလည်း မော်ရင်ဟိုက စာချုပ်ချုပ်ချင်တယ်လို့ ဝန်ခံခဲ့ပါတယ်။

“ အသင်းက အလိုရှိနေတဲ့အချိန်မှာ ကစားသမားတစ်ဦးကို စာချုပ်သစ်ချုပ်ဆိုရမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော် အခု စပါးမှာပါ၊ လီဗိုင်းလည်း ရှိနေပါတယ်” လို့ မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။ အဲရစ်ဆန်ကတော့ စပါးနဲ့ ရာသီကုန်မှာ စာချုပ်ကုန်တော့မှာဖြစ်ပြီး အသင်းက ထွက်ခွာချင်တယ်လို့ တရားဝင်ပြောကြားထားသူဖြစ်ကာ မော်ရင်ဟိုက ဆက်လက်ထိန်းသိမ်းနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ သူ့ကိုခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက စိတ်ဝင်စားနေတာလည်း ဖြစ်ပါတယ်။

#ballmyanmar