



Loading...





Credit Shwe Yaung Lan
Source : Su Hnin Hlaing

UNICODE

အထက ၁၂ အာစရိယပူဇော်ပွဲမှာ အသက် ၇၀ ဆရာမကြီး ကို ကူညီသလိုလိုနဲ့ မျက်ရည်ကျအောင် လုပ်သွားတဲ့ ဖြစ်ရပ်

မြန်မာလူမျိုးတွေဟာ အနန္တောအနန္တငါးပါးကို ရိုသေကိုင်းရှိုင်းကြသူတွေပဲ ဖြစ်ပါတယ်…အနန္တောအနန္တ ငါးပါးထဲမှာ တစ်ပါးအပါအဝင်ဖြစ်တဲ့ ဆရာတွေကိုလည်း ကန်တော့ကြတဲ့ အစဉ်အလာဟာ ကျနော်တို့ မြန်မာလူမျိုးတွေမှာ ချစ်စရာကောင်းတဲ့ ဓလေ့ပဲ ဖြစ်ပါတယ်…ငယ်စဉ်ဘဝက မိမိကို ပညာသင်ပေးခဲ့တဲ့ ဆရာ ဆရာမတွေကို မိမိတို့ ကြီးပြင်းလာတဲ့အခါ စုပေါင်းပြီးတော့ ဆရာကန်တော့ပွဲတွေ ကျင်းပ….

ဆရာတွေ သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြတဲ့ ဓလေ့ဟာ အလွန်ချစ်ဖို့ ကောင်းတာပါ…ဒီလို ကုသိုလ်ယူကြတဲ့ ပွဲမှာ တစ်စုံတစ်ယောက်ရဲ့ ယုတ်မာမှုကြောင့် စိတ်မကောင်းစရာတွေ ဖြစ်ပျက်ခဲ့ရပါတယ်…ဒီအကြောင်းလေးကို ဆရာကန်တော့ပွဲတစ်ခုမှာ ကိုယ်တိုင်တက်ရောက်ခဲ့သူတစ်ဦးက ခုလို ပြောပြထားပါတယ်…

“မနေ့ကကျင်းပပြုလုပ်သောမှတ်၁၂ အထက၏အာစရိယပူဇော်ပွဲမှာဖြစ်သွားခဲ့တဲ့အဖြစ်အပျက်ကလေးပါ နောင်အလားတူမျိုးမဖြစ်အောင်တားမြစ်နိုင်ဖို့တင်ပြခြင်းပါ ဆရာများကိုကန်တော့သည့်အခါဘယ်သူကျောင်းသားဟောင်းဟုတ်မဟုတ် မသိနိုင်ပါ ကန်တော့ခံဆရာများကိုလိုက်ပို့သည့်သူများလည်းပါနိုင်တယ်မဟုတ်လား ကျောင်းသားများသည်ဆရာများကို ဖေးမကူညီတွဲ၍လိုက်ပို့ကြသည့်မြင်ကွင်းများမှာပီတိဖြစ်စရာပါ၊ ဒီလိုပြုလုပ်ခဲ့သည်မှာကျမတို့၁၇ ကြိမ်တိုင်ခဲ့ပါပြီ၊ဘာပြဿနာမှမရှိခဲ့ ဒါပေမဲ့ မနေ့မှာဆရာမကြီးများ

ဆရာကြီးများကျမ္မာရေးချို့တဲ့သူများကိုတပည့်များမှဖေးမကူညီနေစဉ်ဆရာမကြီးတစ်ဦးကိုပုံပါ မိန်းမမှဆရာမကြီးကိုကန်တော့ပစွည်းများကိုကူညီကိုင်ပေးနေပြီးထမင်းသုံးဆောင်သည့်နေရာကိုပို့ပေးပြီးနေရာချထားပေးပါတယ်…

အဲ့နောက်ကန်တော့ပစ္စည်းအိတ်နဲ့ဆရာမကြီးဖုန်းထည့်ထားသောပိုက်ဆံအိတ်တို့ကိုကိုင်ပေးထားသလိုနဲ့ ကျောင်းပြင်ကိုထွက်သွားတယ် ဆရာမကြီးကလည်းပြန်လာနိုးစောင့်နေယ်ဒါပေမဲ့ထိုအမျိုးသမီးပြန်မလာတော့ပါ…အဲဒီမှကျောင်းသား/သူတိုနဲ့ရောပြီးအလစ်သုတ်သွားမှန်းသိရသောဆရာမကြီးငိုပါလေတော့သည်..အသက် ၇၀ ကျော်ဆရာမကြီးကိုလုပ်ရက်တယ်…အထက ၁၂ ကျောင်းသား/သူများမှဆရာမကြီး ကိုစိတ်ချမ်းသာစေရန်ဝိုင်းဝန်း၍ စုပေါင်းလှူကြပြီး အလှူတစ်ခုထပ်ပြုကြရပါကြောင်းဆရာကန်တော့ပွဲလုပ်လျင် အလစ်သုတ်များကိုသတိထားနိုင်ပါရန် ဤအဖြစ်မှန်တင်ပြအပ်ပါတယ်…”

တကယ့်ကို သူများတွေ မင်္ဂလာယူနေတဲ့ အချိန်မှာ ယုတ်မာတဲ့ စိတ်နဲ့ လုပ်ရက်သူတစ်ဦးပါပဲ…ပရိသတ်ကြီးတို့လည်း ယခုလို ဆရာကန်တော့ပွဲတွေ တက်ဖြစ်ရင် ဒီလိုလူမျိုးတွေကို ရှောင်နိုင် သတိထားနိုင်ဖို့ ပြန်လည်မျှဝေလိုက်ရပါတယ်နော်..

Credit Shwe Yaung Lan
Source : Su Hnin Hlaing