ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရုံတင်ဝင်ငွေကို တရားဝင် ထုတ်ဖော်ကြေညာခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ



Loading...




UNICODE

ပရိသတ်ကြီးရေ မြန်မာပြည်ရဲ့အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ နှစ်တွေအများကြီးမကြာသေးပေမယ့် ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတဲ့ ဒါရိုက်တာခရစ္စတီးနားခီနဲ့ မင်းသားချောဇာဏ်ခီတို့ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင် အနုပညာကိုရူးသွပ်ကြသူတွေဖြစ်လို့ ပိုမိုကောင်းမွန်တဲ့ အနုပညာတွေကို စိတ်ရောကိုယ်ပါနှစ်ပြီး ကြိုးစားဖန်တီးကြသူတွေဖြစ်ပါတယ်နော်။

ခရစ္စတီးနားခီနဲ့ဇာဏ်ခီတို့နှစ်ယောက်လုံးက ဘက်စုံတော်တဲ့အနုပညာရှင်တွေဖြစ်ပြီး ပြည်ပမှာလည်း အနုပညာနဲ့ပက်သက်တဲ့ပညာရပ်တွေကိုလေ့လာဆည်းပူးခဲ့ကြပါတယ်။အခုချိန်မှာဆိုရင်တော့ ပရိသတ်တွေက ခရစ္စတီးနားခီတို့အဖွဲ့ကို အရမ်းတော်တဲ့အနုပညာရှင်တွေလို့ အသိအမှတ်ပြုပြီး ချီးကျူးကြတာပါနော်။

မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီးဟာ အတိုင်းထက် အလွန် ပရိတ်သတ်အားပေးမှုကို ရရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးက ပရိတ်သတ်တွေရဲ့ အားပေးမှုကြောင့် ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ရုံတင်ဝင်ငွေဟာဆိုရင်

သိန်းပေါင်း ၂ သောင်း ၄ ထောင် ရရှိခဲ့တယ် လို့ ဒါရိုက်တာ ခရစ္စတီးနားခီ ကိုယ်တိုင် Fan Meeting မှာ တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒီရုံတင်ဝင်ငွေထဲမှလည်း နိုင်ငံတော်ကို သိန်းပေါင်း ၁၈၀၀ နီး ပါး အခွန်ဆောင်သွားမည်ဖြစ်ကြောင်း ဒါရိုက်တာခရစ္စတီးနားခီမှ ထပ်လောင်းပြောကြားခဲ့တာပါပဲ ဖြစ်ပါတယ်။

အရည်အချင်းပြည့်ဝတဲ့ အနုပညာရှင်တွေ အဖြစ်သာမက နိုင်ငံတော်အတွက်လည်း တာဝန်ကျေပွန် သိတတ်တဲ့ သူတွေ ဖြစ်တဲ့အတွက်ကြောင့် ပရိတ်သတ်တွေကတော့ အရမ်းကို ဂုဏ်ယူနေရတာပဲ ဖြစ်ပါတယ်။