မြန်မာအိုင်ဒေါလ်ဝင်ခွင့်မရတဲ့ကိစ္စမှာ ဝင်ပါမိလို့ ဖြိုးမြတ်အောင်ကို ပြန်လည်တောင်းပန်လိုက်တဲ့ မိုင်းမိုင်ဆိုင်း


Loading...



Source : Mai Mai Seng

UNICODE

မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကို ဖြိုးမြတ်အာင်တို့မိသားစု ဝင်ခွင့်မရခဲ့တဲ့အတွက် ရှက်ပြီးပြန်လာခဲ့ရတယ်ဆိုတဲ့သတင်းက ပရိသတ်တွေကြားမှာ အတော်လေး ဂယက်ရိုက်ခဲ့တာပါ ။ မိုင်မိုင်းဆိုင်းက ဒီဂယက်ထဲကိုဝင်ပါခဲ့ပြီး ဖြိုးမြတ်အောင် မှားနတယ်ဆိုတဲ့ အကြောင်း သူမရဲ့ ဖေ့ဘုတ်စ် စာမျက်နှာထက်ကနေ ရေးသားခဲ့တဲ့အတွက် ဖြိုးမြတ်အောင်ရဲ့ ဖန်တွေနဲ့ အချင်းများစရာတွေဖြစ်ခဲ့သလို ကိုဖြိုးဘက်က မခံမရပ်နိုင်ဖြစ်နေကြတဲ့ ပရိသတ်တွေက သူမကို ခြိမ်းခြောက် ပြောဆိုမှုတွေရှိလာခဲ့တယ်လို့လည်း သိရပါတယ် ။ လက်ရှိမှာတော့ မိုင်းမိုင်ဆိုင်း တစ်ယောက် သူမ ဝင်ပါ မိတဲ့အတွက်ရော အမှန်တွေပြောမိတဲ့အတွက်ရော နာမိတဲ့အတွက်ရော ဖြိုးမြတ်အောင်ကို သူမဘက်က စတောင်းပန်ခဲ့တယ်လို့သိ

” အဆင်ပြေသွားပါပြီနော် #peace … လိုအပ်သလောက်ဘဲ ss တင်ပေးလိုက်ပါတယ်နော် ကျန်တဲ့စာတွေက ကာယကံရှင်ရဲ့ သိက္ခာအတွက်ရော ထိခိုက်မယ့်သူများ မှာမို့ရော ဆဲကြဆိုကြ နဲ့ပြီးမှာမဟုတ်တဲ့အတွက် မတင်တော့ပါဘူးနော်.. အမှန်ကစစတင်မိတဲ့ post တစ်ခုတည်းနဲ့ထားလိုက်မလို့ ပါ ကျနော့်ကို သာမကကျနော့ ဘက်ကcmt ဝင်ရေးသူတွေကိုပါphတွေ/ msg တွေတရစပ်ပို့/ သူတို့လူမှန်ရဲ့သားနဲ့ဆိုပြီးမိုက်ရိုင်းစွာခြိမ်းခြောက်ပြောဆိုတာတွေကြောင့်ခုလောက်ထိလုပ်လာရတာပါ…ကျနော်တို့ပါမိတဲ့အရာကိုလည်း အမှားတစ်ခုလုံမပြီးဆုံးသွားစေချင်လို့ပါ နားလည်ပေးပါနော်…Fan တွေကိုလည်း နားလည်ပါတယ်… ဒါပေမဲ့တစ်ခုဘဲ ပြောချင်တာ ဘုမသိဘမသိ ဝင်ယောင်ပြီး အားပေးခြင်းက ကိုယ့် idol ကိုပိုသိက္ခာကျစေတယ် ပိုထိခိုက်စေပါတယ်တကယ်ချစ်ရင်အမှားမခံနဲ့အမှန်ကိုစုံစမ်းပြီးကာကွယ်ပေးကြတာပိုချစ်ရာရောက်ပါတယ်နော် ” ဆိုပြီး ပြန်လည်သင့်မြတ်သွားတဲ့အကြောင်းကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာထကကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။

” ကျနော်တို့idolမောင်နှမတွေသာမက idol team မိသားစုကြီးတစ်ခုလုံးအဆင်ပြေချင်ပါတယ်ဒီလိုပြေလည်သွားပြီးတာတောင် ကျနော်တို့ကို ဖောင်းထု သိက္ခာချ မိုက်ရိုင်းစော်ကားနေဦးမယ်ဆိုရင် ကျနော်တို့ဘက်က မဲစရာ ညေးဖြိုး ဘဲရှိတာမို့အချင်းချင်းဆင်ခြင်ပေးဖို့မေတ္တာရပ်ခံပါတယ်နော်..ခြိမ်းချောက်တာမဟုတ်ပါဘူးနော် မောင်နှမတွေ တကယ်အဆင်ပြေသွားပြီမို့ ဘေးစကားကြောင့်data တွေ cctv record တွေ ချပြရတာမျိုးမဖြစ်ချင်လို့ပါ…Peace ” လို့လည်း ရေးသားထားတာတွေ့ရပါတယ် ။ ကဲ ပရိသတ်ကြီးရေ မိုင်မိုင်းဆိုင်တောင်းပန်ထားတဲ့ SS တွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တယ်နော် ။

Source : Mai Mai Seng
Credit Cele Connections