“ရိုက်ကွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေကို စားသောက်ကုန်တွေလက်ဆောင်ပေးခဲ့တဲ့ ခိုင်နှင်းဝေ”


Loading...



Source – Khine Hnin Wai
Credit CeleGabar

UNICODE

ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ပရဟိတမင်းသမီး ခိုင်နှင်းဝေကတော့ ဒီနေ့မှာလည်း ရိုက်ကူးရေးတွေပြီးတဲ့နောက်မှာ လုပ်ဖော်ကိုင်ဖက် အဖွဲ့လုပ်သားသားများကို ဆီ၊ကော်ဖီမစ်နဲ့ အခြားသော ပစ္စည်းတွေကို လက်ဆောင်ပေးခဲ့တာပဲဖြစ်ပါတယ်။ခိုင်နှင်းဝေဟာဆိုရင် အမြဲတမ်းလိုလို အနုပညာလောကက လိုအပ်နေတဲ့ သူတွေကို ထောက်ပံ့ပေးလေ့ရှိပြီးပရဟိတလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်လုပ်ဆောင်တတ်တဲ့ သူတစ်ယောက်ပါ။

လက်ရှိမှာလည်း ကလေးငယ်တွေကို ပြုစုစောင့်ရှောက်နေတဲ့ ရင်သွေးငယ်လေးများဂေဟာကိုလည်း ဖွင့်လှစ်ထားပြီး မိဘမဲ့ လူမမယ်ကလေးတွေကို သားသမီးအရင်းသဖွယ်ကိုယ်တိုင်စောင့်ရှောက်မှုတွေပေးအပ်နေပါသေးတယ်။လတ်တလောမှာလည်း ကလေးငယ်လေးတွေအတွက်ကို ဂေဟာအသစ်ကြီးတစ်ခုလည်း ထပ်မံဆောက်လုပ်သွားဖို့ရှိနေတာလည်း ဖြစ်ပါတယ်။

ခိုင်နှင်းဝေက ကလေးသူငယ်စောင့်ရှောက်ရေးနဲ့ လုပ်ဖော်ကိုင်ဖက်အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကို အကူအညီပေးအပ်တာတွေအပြင် မြန်မာနိုင်ငံအနှံအပြားမှာရှိတဲ့ အကူအညီလိုအပ်နေတဲ့ ဒေသတွေအထိပါ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းမှုတွေပြုလုပ်လေ့ရျိသေးတာကိုလည်းပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ပရိသတ်ကြီးရေ အခွင့်အရေးရရင်ရသလို အလှူတွေပြုလုပ်လေ့ရှိတဲ့ ခိုင်နှင်းဝေအတွက် ဒီထက်မကပိုမိုလှူဒါန်းနိုင်အောင် ဆုမွန်ကာင်းတွေတောင်းသွားပေးပါဦး။

Source – Khine Hnin Wai
Credit CeleGabar