“ပရိသတ်တွေဆီမှ ရရှိခဲ့တဲ့ လက်ဆောင်လေးတွေကြောင့် အပျော်ကြီးပျော်နေတဲ့ အက်စတာ”


Loading...



Credit -CeleGabar

UNICODE

မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင် ပရိသတ်အချစ်တော် ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့သ်ချင်းဆုန်ကတော့ နိုဝင်ဘာလ (၃၀)ရက်နေ့တွင် ကျင်းပခဲ့တဲ့ မြန်မာအိုင်ဒေါ ပြိုင်ပွဲဝင်တွေရဲ့ Fan Meeting ပွဲလေးမှာ ချစ်တဲ့ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ရပြီး ချစ်ပရိသတ်တွေဆီမှရရှိခဲ့တဲ့ လက်ဆောင်လေးတွေကြောင့် အပျော်ကြီးပျော်နေတဲ့အကြောင်းကို ” ဘဝမှာ အချစ်ဆုံးတွေစီကနေလက်ဆောင်ရခြင်းအမှတ်တရဓာတ်ပုံ အားလုံးကျေးဇူးပါရှင့်။ဒါတောင်အရုပ်နှစ်ခုကျန်သေးတယ်။ မယူရသေးလို့ ယူပီးရင်ထက်ပြမယ်နော်” လို့ သူရဲ့ ချစ်ပရိသတ်တွေနဲက ဖွဲ့စည်းထားတဲ့ We Love Esther Dawt Chin Sung (ဆုန်ဆုန်) ဆိုတဲ့ We Love Group လေးမှာ မျှဝေခဲ့တာလည်းဖြစ်ပါတယ်။


အက်စတာကတော့ Myanmar Idol Season (4) ပြိုင်ပွဲကြီးရဲ့ ပရိသတ်အကြားမှာ နိုင်ငံကျော်အဆိုတော် ဆုန်သင်းပါရ် လိုလင်းလက်လာမည့် ကြယ်ပွင့်လေးလို့ ချီးမွမ်းခြင်းခံနေရသူလည်းဖြစ်ပါတယ်။သူကတော့ ပြိုင်ပွဲကြီးစတင်ကတည်းက ပရိသတ်တွေသာမက နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အဆိုတော်ယုန်လေးနဲ့ တေးရေး၊တေးဆို ညီမင်းခိုင်တို့ရဲ့ အားပေးထောက်ခံချီးကျူးမှုကို ရရှိထားပြီး နိုင်ငံကျော်အနုပညာရှင်တွေဖြစ်တဲ့ မင်းသမီးချောလေး သက်မွန်မြင့်၊ဒါရိုက်တာ ကိုပေါက်တို့ကလည်း ဝန်းရံနေကြပါသေးတယ်။သူ့ရဲ့ ထူးခြားတဲ့ အဆိုစွမ်းရည်နဲ့ အမှားအယွင်း၊လိုအပ်ချက်မရှိအောင်သီဆိုတတ်မှုကြောင့် Winner ဖြစ်ကိုဖြစ်ရမယ်လို့ အခိုင်အမာ ထင်ကြေးပေးခြင်းခံနေရတဲ့ ပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရေ ချစ်တဲ့ပရိသတ်တွေမှ ဆုန်ဆုန်လို့ ချစ်စနိုးခေါ်ခံနေရတဲ့ ချင်းတိုင်းရင်သူလေး အက်စတာဒေါ့သ်ချင်းဆုန်ဟာ သူရဲ့ ချစ်ပရိသတ်တွေ ဆီမှရရှိလိုက်တဲ့ လက်ဆောင်လေးတွေကြောင့် အပျော်ကြီးပျော်နေတာလည်းဖြစ်ပါတယ်။

Source: Esther Dawt Chin Sung
Credit -CeleGabar