လိမ္ညာဟန္ေဆာင္တတ္ျခင္းေတြ မ႐ွိဘဲ အမွန္တရားကိုပဲ ေျပာတတ္တဲ့ ရာသီခြင္မ်ား

တစ္ခါတစ္ေလမွာ လူေတြဟာ အလိမ္အညာစကားကို လိုအပ္လုိ႔ျဖစ္ေစ မလိုအပ္ပဲ ျဖစ္ေစ ေျပာဆိုတတ္ၾကပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ လိမ္ညာဟန္ေဆာင္ရတာကို သေဘာက်တတ္ၾကၿပီး တစ္ခ်ိဳ႕လူေတြကေတာ့ ဘယ္လိုမွ လိမ္ညာစကား မဆိုတတ္ၾကပါဘူး။ ဒီရာသီခြင္ေတြကေတာ့ ဘယ္ေသာအခါမွာ မလိမ္ညာတတ္တဲ့ အမွန္တရားကိုသာ ထုတ္ေဖာ္ေျပာဆိုတတ္သူေတြ ျဖစ္ၾကပါတယ္။

Aries (March 20 – April 19)

Loading...

Aries ေတြဟာ စကားကို စီကာပတ္ကံုး မေျပာတတ္္ၾကတဲ့ သူေတြပါ။ သူတို႔ရဲ႕ ဒဲ႔တိုးေျပာဆိုတတ္တဲ့ အက်င့္္ေၾကာင့္ လိမ္ညာစကားဆိုဖို႔ မတတ္ႏုိင္္ၾကပါဘူး။ အမွန္တရားဘက္ကပဲ ရပ္တည္တတ္ၿပီး အမွန္တရားေတြကိုပဲ ေျပာတတ္တဲ့ သူေလးေတြ ျဖစ္ၾကပါတယ္။ သူတုိ႔ဟာ ဘယ္သူ႔ဘက္ကိုမွ ဘက္လိုက္မႈမ႐ွိပဲ အမွန္တရားေတြကိုပဲ ေျပာဆိုတတ္ၾက သူေတြျဖစ္ၾကပါတယ္။

Leo (July 23 – Aug 22)

Leo ရာသီခြင္ေတြဟာ တကယ့္ကို ႐ိုးသားၿပီး သမာသမတ္က်တဲ့ သူေတြျဖစ္ၾကပါတယ္။ သူတုိ႔ေတြဟာ အျမဲတမ္းပဲ အမွန္္တရားကို လက္ကိုင္ထားတတ္ၾကၿပီး လိမ္ညာလွည့္ပတ္ျခင္း မ႐ွိတဲ့သူေတြ ျဖစ္ၾကပါတယ္။ ဒါေၾကာင့္ပဲ လူေတြက သူတုိ႔ေတြရဲ႕ စကားဆို အျမဲတမ္း ယံုၾကည္ေထာက္ခံေပးတတ္ ၾကပါတယ္။ အမွန္တရားဘက္ေတာ္သားေလးေတြ ျဖစ္လို႔ လူခ်စ္လူခင္လည္း မ်ားၾကပါေသးတယ္။

Libra (Sep 23 – Oct 22)

Libra ေတြဟာ ကိုယ္က်င့္တရားကို တန္ဖိုးထားတတ္ၾကၿပီး အမွန္တရားကိုလည္း တန္ဖိုးထားတတ္ၾကသူေတြပါ။ သူတုိ႔ေတြဟာ တရားနည္းလမ္းက် ဘက္မွ်တမႈကိုပဲ အလို႐ွိတတ္ၾကပါတယ္။ သူတုိ႔တတ္ႏုိင္သေလာက္ အမွန္တရားကို ေျပာတတ္ၾကေပမယ့္ တစ္ခါတစ္ေလမွာေတာ့ အားနည္းတဲ့ ဘက္ကရပ္တည္္ၿပီး အမွန္ကို ဖံုးကြယ္ေပးလုိက္တတ္တဲ့ သူမ်ိဳးေတြ ျဖစ္ၾကပါတယ္။

Sagittarius (Nov 21 – Dec 22)

Sagitarius ေတြဟာ ရာသီခြင္ေတြထဲမွာ အ႐ိုးသားဆံုးေသာ ရာသီခြင္ေတြ ျဖစ္ၾကၿပီး သူတို႔ရဲ႕ အတြင္းစိတ္ေတြက တကယ့္ကို အျဖဴထည္ေလးေတြ ျဖစ္ၾကပါတယ္။ အမွန္တရားကို ေျပာတတ္လြန္းလို႔ မလိုသူေတြရဲ႕ မုန္းတီးျခင္္းကို ခံရတတ္ သူေလးေတြပါ။ သူတို႔ေတြဟာ ဘယ္ေလာက္ပဲ သူတုိ႔အေပၚ မုန္းတဲ့သူေတြ႐ွိ႐ွိ အမွန္တရားအတြက္ အနစ္နာ ခံတတ္ၾကတဲ့ ခ်စ္စရာ ေကာင္းလွတဲ့ ရာသီခြင္ေလးေတြ ျဖစ္ၾကပါတယ္။

Credit Aunty May

UNICODE

တစ်ခါတစ်လေမှာ လူတွေဟာ အလိမ်အညာစကားကို လိုအပ်လို့ဖြစ်စေ မလိုအပ်ပဲ ဖြစ်စေ ပြောဆိုတတ်ကြပါတယ်။ တစ်ချို့တွေကတော့ လိမ်ညာဟန်ဆောင်ရတာကို သဘောကျတတ်ကြပြီး တစ်ချို့လူတွေကတော့ ဘယ်လိုမှ လိမ်ညာစကား မဆိုတတ်ကြပါဘူး။ ဒီရာသီခွင်တွေကတော့ ဘယ်သောအခါမှာ မလိမ်ညာတတ်တဲ့ အမှန်တရားကိုသာ ထုတ်ဖော်ပြောဆိုတတ်သူတွေ ဖြစ်ကြပါတယ်။

Aries (March 20 – April 19)

Aries တွေဟာ စကားကို စီကာပတ်ကုံး မပြောတတ်ကြတဲ့ သူတွေပါ။ သူတို့ရဲ့ ဒဲ့တိုးပြောဆိုတတ်တဲ့ အကျင့််ကြောင့် လိမ်ညာစကားဆိုဖို့ မတတ်နိုင်ကြပါဘူး။ အမှန်တရားဘက်ကပဲ ရပ်တည်တတ်ပြီး အမှန်တရားတွေကိုပဲ ပြောတတ်တဲ့ သူလေးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ဘယ်သူ့ဘက်ကိုမှ ဘက်လိုက်မှုမရှိပဲ အမှန်တရားတွေကိုပဲ ပြောဆိုတတ်ကြ သူတွေဖြစ်ကြပါတယ်။

Leo (July 23 – Aug 22)

Leo ရာသီခွင်တွေဟာ တကယ့်ကို ရိုးသားပြီး သမာသမတ်ကျတဲ့ သူတွေဖြစ်ကြပါတယ်။ သူတို့တွေဟာ အမြဲတမ်းပဲ အမှန်တရားကို လက်ကိုင်ထားတတ်ကြပြီး လိမ်ညာလှည့်ပတ်ခြင်း မရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်ပဲ လူတွေက သူတို့တွေရဲ့ စကားဆို အမြဲတမ်း ယုံကြည်ထောက်ခံပေးတတ် ကြပါတယ်။ အမှန်တရားဘက်တော်သားလေးတွေ ဖြစ်လို့ လူချစ်လူခင်လည်း များကြပါသေးတယ်။

Libra (Sep 23 – Oct 22)

Libra တွေဟာ ကိုယ်ကျင့်တရားကို တန်ဖိုးထားတတ်ကြပြီး အမှန်တရားကိုလည်း တန်ဖိုးထားတတ်ကြသူတွေပါ။ သူတို့တွေဟာ တရားနည်းလမ်းကျ ဘက်မျှတမှုကိုပဲ အလိုရှိတတ်ကြပါတယ်။ သူတို့တတ်နိုင်သလောက် အမှန်တရားကို ပြောတတ်ကြပေမယ့် တစ်ခါတစ်လေမှာတော့ အားနည်းတဲ့ ဘက်ကရပ်တည်ပြီး အမှန်ကို ဖုံးကွယ်ပေးလိုက်တတ်တဲ့ သူမျိုးတွေ ဖြစ်ကြပါတယ်။

Sagittarius (Nov 21 – Dec 22)

Sagitarius တွေဟာ ရာသီခွင်တွေထဲမှာ အရိုးသားဆုံးသော ရာသီခွင်တွေ ဖြစ်ကြပြီး သူတို့ရဲ့ အတွင်းစိတ်တွေက တကယ့်ကို အဖြူထည်လေးတွေ ဖြစ်ကြပါတယ်။ အမှန်တရားကို ပြောတတ်လွန်းလို့ မလိုသူတွေရဲ့ မုန်းတီးခြင်းကို ခံရတတ် သူလေးတွေပါ။ သူတို့တွေဟာ ဘယ်လောက်ပဲ သူတို့အပေါ် မုန်းတဲ့သူတွေရှိရှိ အမှန်တရားအတွက် အနစ်နာ ခံတတ်ကြတဲ့ ချစ်စရာ ကောင်းလှတဲ့ ရာသီခွင်လေးတွေ ဖြစ်ကြပါတယ်။

Credit Aunty May