မာရွယ္ဟာ ေက်ာနံပါတ္ ( 9 ) ပိုင္ရွင္မထိုက္တန္ဘူးဆုိတဲ့ “တက္ဒီရွရင္ဂမ္ “

ယူနိုက္တက္ နဲ႔အတူ ေအာင္ျမင္တဲ့ ဆုဖလားေတြ ကိုင္ေျမာက္နိုင္ခဲ့တဲ့ ဂႏၶဝင္ တိုက္စစ္ကစားသမားေဟာင္း ျဖစ္သူ တက္ဒီရွရင္ဂမ္အေနက ဆိုးရွားအေနနဲ႔ မာစီရယ္ကို အေထာင္တိုက္စစ္ကစားသမား ေနရာမွာထားေဆာ့ေနသ ေရြ႕ ပရီးမီးယားလိဂ္ ဖလားကို စိန္ေခၚနိုင္မွာ မဟုတ္ဘူးလို႔ သူရဲ့ အျမင္ကို ေျပာၾကားသြားခဲ့ဘာတယ္။

ယူနိုက္တက္ နည္းျပဆိုးလ္ရွားသည္ ၿပီးခဲ့တဲ့ ရာသီ ကတည္း က အသင္းရဲ့ အဓိက အေထာင္တိုက္စစ္ကစားသမား လူကာကူကို အင္တာမီလန္ အသင္းဆီ ေရာင္းထုတ္ၿပီး ေနာက္ အသင္းမွာ ေတာင္ပံေနရာမွာ ကစားတာ အားသန္တဲ့ မာစီရယ္ကို အေထာင္တိုက္စစ္ကစားသမားအျဖစ္ အသုံးျပဳကာ ၿပီးခဲ့တဲ့တစ္ရာသီလုံးကစားခဲ့တာျဖစ္ပါတယ္။

ဒါအျပင့္ ယူနိုက္တက္အေနနဲ႔လည္း တျခားေသာတိုက္စစ္ကစားသမားတစ္ဦးကို ေခၚယူရန္ပ်က္ကြက္ခဲ့ၿပီးေနာက္ ဒီႏွစ္ရာသီမွာလည္း မာစီရယ္ကိုပဲ အေထာင္တိုက္စစ္မႉးအျဖစ္ အသုံးျပဳသြားမွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကစားသမားေဟာင္း ရွရင္ဂမ္က ဆိုးလ္ရွားအေနနဲ႔အသင္းကို သူရဲ့ေနရာမွန္ျပန္ေရာက္ဖို႔ဆိုရင္ တိုက္စစ္မႉးစစ္စစ္တစ္ဦးလိုအပ္ေၾကာင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ယူနိုက္တက္အေနနဲ႔ မာစီရယ္ကို နံပါတ္ ၉ တိုက္စစ္မႉးေနရာထားေဆာ့ေနသ၍ ပရီးမီးယားလိဂ္ဖလား ရမွာမဟုတ္ပါဘူး။ ဒီလိုအသင္းရဲ့ တိုက္စစ္ေနရာမွာ တစ္ရာသီ ဂိုး ၂၃ ေလာက္သြင္းၿပီးေပ်ာ္ေနလို႔မရပါဘူး။ တကယ့္တိုက္စစ္မႉးစစ္စစ္တစ္ေယာက္က ၃၀-၃၅ ဂိုးသြင္းျပၿပီး ရယ္ေနပါလိမ့္မယ္” လို႔ေျပာၾကားသြားခဲ့ပါတယ္။

ဒါေပမယ့္လည္း ရွရင္ဂမ္အေနနဲ႔ မၾကာေသးမီကပဲ အသင္းနည္းျပဆိုးလ္ရွားျဖစ္သူကို အားေပးစကားေျပာဆိုခဲ့ရင္း အသင္းကို ဒီထက္ပိုမိုတိုးတက္လာဖို႔ အႀကံဉာဏ္ေပးခဲ့ေၾကာင္း ေျပာၾကားခဲ့ပါေသးတယ္။

“အေကာင္းဘက္က ၾကည့္ရရင္ ယူနိုက္တက္အေနနဲ႔ အေနအထားတစ္ခုေရာက္ေနပါၿပီ။ အသင္းရဲ့ မန္ေနဂ်ာ (ဆိုးလ္ရွား) လည္း အသားက်လာသလို ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာလည္း သူရဲ့ ေျခစြမ္းတစ္ခု ျပန္လည္ရရွိေနပါၿပီ။ ဒါဟာ ေပါင္သန္း ၁၀၀ တန္အေျပာင္းအေရြ႕တစ္ခုလုပ္ထားသလိုမ်ိဳး ေကာင္းမြန္ပါတယ္။ ေပါလ္အေနနဲ႔လည္း ထိပ္တန္းကစားသမားတစ္ေယာက္ျဖစ္သလို အရင္ကထက္လည္းပိုမိုေကာင္းမြန္လာပါတယ္” လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

Unicode

ယူနိုက်တက် နဲ့အတူ အောင်မြင်တဲ့ ဆုဖလားတွေ ကိုင်မြောက်နိုင်ခဲ့တဲ့ ဂန္ဓဝင် တိုက်စစ်ကစားသမားဟောင်း ဖြစ်သူ တက်ဒီရှရင်ဂမ်အနေက ဆိုးရှားအနေနဲ့ မာစီရယ်ကို အထောင်တိုက်စစ်ကစားသမား နေရာမှာထားဆော့နေသ ရွေ့ ပရီးမီးယားလိဂ် ဖလားကို စိန်ခေါ်နိုင်မှာ မဟုတ်ဘူးလို့ သူရဲ့ အမြင်ကို ပြောကြားသွားခဲ့ဘာတယ်။

ယူနိုက်တက် နည်းပြဆိုးလ်ရှားသည် ပြီးခဲ့တဲ့ ရာသီ ကတည်း က အသင်းရဲ့ အဓိက အထောင်တိုက်စစ်ကစားသမား လူကာကူကို အင်တာမီလန် အသင်းဆီ ရောင်းထုတ်ပြီး နောက် အသင်းမှာ တောင်ပံနေရာမှာ ကစားတာ အားသန်တဲ့ မာစီရယ်ကို အထောင်တိုက်စစ်ကစားသမားအဖြစ် အသုံးပြုကာ ပြီးခဲ့တဲ့တစ်ရာသီလုံးကစားခဲ့တာဖြစ်ပါတယ်။

ဒါအပြင့် ယူနိုက်တက်အနေနဲ့လည်း တခြားသောတိုက်စစ်ကစားသမားတစ်ဦးကို ခေါ်ယူရန်ပျက်ကွက်ခဲ့ပြီးနောက် ဒီနှစ်ရာသီမှာလည်း မာစီရယ်ကိုပဲ အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားဟောင်း ရှရင်ဂမ်က ဆိုးလ်ရှားအနေနဲ့အသင်းကို သူရဲ့နေရာမှန်ပြန်ရောက်ဖို့ဆိုရင် တိုက်စစ်မှူးစစ်စစ်တစ်ဦးလိုအပ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ယူနိုက်တက်အနေနဲ့ မာစီရယ်ကို နံပါတ် ၉ တိုက်စစ်မှူးနေရာထားဆော့နေသ၍ ပရီးမီးယားလိဂ်ဖလား ရမှာမဟုတ်ပါဘူး။ ဒီလိုအသင်းရဲ့ တိုက်စစ်နေရာမှာ တစ်ရာသီ ဂိုး ၂၃ လောက်သွင်းပြီးပျော်နေလို့မရပါဘူး။ တကယ့်တိုက်စစ်မှူးစစ်စစ်တစ်ယောက်က ၃၀-၃၅ ဂိုးသွင်းပြပြီး ရယ်နေပါလိမ့်မယ်” လို့ပြောကြားသွားခဲ့ပါတယ်။

ဒါပေမယ့်လည်း ရှရင်ဂမ်အနေနဲ့ မကြာသေးမီကပဲ အသင်းနည်းပြဆိုးလ်ရှားဖြစ်သူကို အားပေးစကားပြောဆိုခဲ့ရင်း အသင်းကို ဒီထက်ပိုမိုတိုးတက်လာဖို့ အကြံဉာဏ်ပေးခဲ့ကြောင်း ပြောကြားခဲ့ပါသေးတယ်။

“အကောင်းဘက်က ကြည့်ရရင် ယူနိုက်တက်အနေနဲ့ အနေအထားတစ်ခုရောက်နေပါပြီ။ အသင်းရဲ့ မန်နေဂျာ (ဆိုးလ်ရှား) လည်း အသားကျလာသလို ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာလည်း သူရဲ့ ခြေစွမ်းတစ်ခု ပြန်လည်ရရှိနေပါပြီ။ ဒါဟာ ပေါင်သန်း ၁၀၀ တန်အပြောင်းအရွေ့တစ်ခုလုပ်ထားသလိုမျိုး ကောင်းမွန်ပါတယ်။ ပေါလ်အနေနဲ့လည်း ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်သလို အရင်ကထက်လည်းပိုမိုကောင်းမွန်လာပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

Leave a Comment