Remdesivir ေဆးက COVID-19 လူနာအတြက္ ထိေရာက္မႈရွိေၾကာင္း အေမရိကန္ သုေတသနရလဒ္ ေဖာ္ျပ

အေမရိကန္ National Institute of Allergy and Infectious Diseases က ျပဳလုပ္ခဲ့တဲ့ သုေတသနျဖစ္ပါတယ္။အေမရိကန္ ေဆးဝါးနဲ႔ ဇီဝနည္းပညာကုမၸဏီက ထုတ္လုပ္ထားတဲ့ ဗိုင္းရပ္စ္တိုက္ဖ်က္ေဆးဝါး Remdesivir ဟာ COVID-19 လူနာမ်ား ျပန္လည္သက္သာလာရန္ ၾကာျမင့္ခ်ိန္ ေလွ်ာ့ခ်ႏိုင္တယ္လို႔ ေမ ၂၂ ရက္ ညပိုင္းက ထုတ္ျပန္ခဲ့တဲ့ သုေတသနရလဒ္ အျပည့္အစုံမွာ ေဖာ္ျပထားေၾကာင္း သိရပါတယ္။

Remdesivir ကို လူေတြမွာ စမ္းသပ္မႈ သုေတသနကို National Institute of Allergy and Infectious Diseases (NIAID) က ျပဳလုပ္ခဲ့တာျဖစ္ၿပီး ရလဒ္အျပည့္အစုံကို New England Journal of Medicine ေဆးပညာဂ်ာနယ္မွာ ေဖာ္ျပခဲ့ပါတယ္။ NIAID ၫႊန္ၾကားေရးမႉး ေဒါက္တာ Anthony Fauci ကလည္း Remdesivir ေဆးက COVID-19 လူနာေတြကို ျပန္လည္သက္သာေစရန္ အကူအညီျဖစ္ေစေၾကာင္း သိသာထင္ရွားတဲ့ အေထာက္အထားရွိတယ္လို႔ ဧၿပီ ၂၉ ရက္ေန႔မွာ ေျပာထားခဲ့ပါတယ္။

ကယ္လီဖိုးနီးယားျပည္နယ္ ေဖာ္စတာၿမိဳ႕အေျခစိုက္ Gilead Sciences ကုမၸဏီက ထုတ္လုပ္ထားတဲ့ Remdesivir ေဆးကို ေဆး႐ုံေတြမွာ COVID-19 လူနာမ်ားအား အေရးေပၚအေျခအေနအတြက္ ကုသေဆးအျဖစ္ အသုံးျပဳရန္ အေမရိကန္ FDA (Food and Drug Administration) က ခြင့္ျပဳခဲ့ၿပီး ျဖစ္ပါတယ္။ထို႔အတူ ဂ်ပန္ႏိုင္ငံကလည္း Remdesivir ျဖင့္ COVID-19 လူနာေတြကို ကုသရန္ ေမ ၇ ရက္ေန႔က ခြင့္ျပဳခဲ့ပါတယ္။ ဥေရာပမွာလည္း ထိုေဆးကို COVID-19 ကုသေဆးအျဖစ္ အသုံးျပဳရန္ စဥ္းစားေနေၾကာင္း သိရပါတယ္။ NIAID ရဲ႕ သုေတနသအရ Remdesivir ေဆးကို ၁၀ ရက္ၾကာ ေန႔စဥ္ ထိုးေပးခဲ့ရာ ေဆး႐ုံတက္ ကုသမႈခံယူေနရတဲ့ COVID-19 လူနာမ်ား ျပန္လည္သက္သာလာမႈ ျမန္ဆန္လာခဲ့တာ ေတြ႕ရပါတယ္။

National Institutes of Health ကလည္း Remdesivir ေဆးဟာ ေဆး႐ုံတက္ေနရၿပီး ေရာဂါျပင္းထန္မႈေၾကာင့္ ေအာက္စီဂ်င္ေပးထားရတဲ့ COVID-19 လူနာေတြကို ကုသရာမွာ အထိေရာက္ဆုံးျဖစ္ေၾကာင္း ယမန္ေန႔ (ေမ ၂၂ ရက္ေန႔) မွာ ေျပာခဲ့ပါတယ္။ သို႔ေသာ္ Remdesivir ေဆးက COVID-19 လူနာမ်ား ေသဆုံးမႈအားလုံးကို မကာကြယ္ခဲ့ဘူးလို႔ NIAID စမ္းသပ္ေလ့လာမႈ သုေတသနျပဳလုပ္ခဲ့သူေတြက ဆိုပါတယ္။”Remdesivir ေဆး အသုံးျပဳေပမဲ့လည္း ေသဆုံးမႈႏႈန္းျမင့္ေနတာကို ထည့္သြင္းစဥ္းစားမယ္ဆိုင္ရင္ ဗိုင္းရပ္စ္တိုက္ဖ်က္ေဆးတစ္မ်ိဳးတည္းနဲ႔ ကုသမႈက လုံေလာက္ဖြယ္မရွိဘူးဆိုတာ ထင္ရွားပါတယ္” လို႔ ၎တို႔က ေျပာပါတယ္။ Remdesivir ေဆးျဖင့္ ကုသခဲ့တဲ့ လူနာေတြရဲ႕ ၇.၁ ရာခိုင္ႏႈန္း ၁၄ ရက္အတြင္း ေသဆုံးခဲ့ေၾကာင္း AFP သတင္းမွာ ေဖာ္ျပပါတယ္။

Credit Duwun

UNICODE

အမေရိကန် National Institute of Allergy and Infectious Diseases က ပြုလုပ်ခဲ့တဲ့ သုတေသနဖြစ်ပါတယ်။အမေရိကန် ဆေးဝါးနဲ့ ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ဆေးဝါး Remdesivir ဟာ COVID-19 လူနာများ ပြန်လည်သက်သာလာရန် ကြာမြင့်ချိန် လျှော့ချနိုင်တယ်လို့ မေ ၂၂ ရက် ညပိုင်းက ထုတ်ပြန်ခဲ့တဲ့ သုတေသနရလဒ် အပြည့်အစုံမှာ ဖော်ပြထားကြောင်း သိရပါတယ်။

Remdesivir ကို လူတွေမှာ စမ်းသပ်မှု သုတေသနကို National Institute of Allergy and Infectious Diseases (NIAID) က ပြုလုပ်ခဲ့တာဖြစ်ပြီး ရလဒ်အပြည့်အစုံကို New England Journal of Medicine ဆေးပညာဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။ NIAID ညွှန်ကြားရေးမှူး ဒေါက်တာ Anthony Fauci ကလည်း Remdesivir ဆေးက COVID-19 လူနာတွေကို ပြန်လည်သက်သာစေရန် အကူအညီဖြစ်စေကြောင်း သိသာထင်ရှားတဲ့ အထောက်အထားရှိတယ်လို့ ဧပြီ ၂၉ ရက်နေ့မှာ ပြောထားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဖော်စတာမြို့အခြေစိုက် Gilead Sciences ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ Remdesivir ဆေးကို ဆေးရုံတွေမှာ COVID-19 လူနာများအား အရေးပေါ်အခြေအနေအတွက် ကုသဆေးအဖြစ် အသုံးပြုရန် အမေရိကန် FDA (Food and Drug Administration) က ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ထို့အတူ ဂျပန်နိုင်ငံကလည်း Remdesivir ဖြင့် COVID-19 လူနာတွေကို ကုသရန် မေ ၇ ရက်နေ့က ခွင့်ပြုခဲ့ပါတယ်။ ဥရောပမှာလည်း ထိုဆေးကို COVID-19 ကုသဆေးအဖြစ် အသုံးပြုရန် စဉ်းစားနေကြောင်း သိရပါတယ်။ NIAID ရဲ့ သုတေနသအရ Remdesivir ဆေးကို ၁၀ ရက်ကြာ နေ့စဉ် ထိုးပေးခဲ့ရာ ဆေးရုံတက် ကုသမှုခံယူနေရတဲ့ COVID-19 လူနာများ ပြန်လည်သက်သာလာမှု မြန်ဆန်လာခဲ့တာ တွေ့ရပါတယ်။

National Institutes of Health ကလည်း Remdesivir ဆေးဟာ ဆေးရုံတက်နေရပြီး ရောဂါပြင်းထန်မှုကြောင့် အောက်စီဂျင်ပေးထားရတဲ့ COVID-19 လူနာတွေကို ကုသရာမှာ အထိရောက်ဆုံးဖြစ်ကြောင်း ယမန်နေ့ (မေ ၂၂ ရက်နေ့) မှာ ပြောခဲ့ပါတယ်။ သို့သော် Remdesivir ဆေးက COVID-19 လူနာများ သေဆုံးမှုအားလုံးကို မကာကွယ်ခဲ့ဘူးလို့ NIAID စမ်းသပ်လေ့လာမှု သုတေသနပြုလုပ်ခဲ့သူတွေက ဆိုပါတယ်။”Remdesivir ဆေး အသုံးပြုပေမဲ့လည်း သေဆုံးမှုနှုန်းမြင့်နေတာကို ထည့်သွင်းစဉ်းစားမယ်ဆိုင်ရင် ဗိုင်းရပ်စ်တိုက်ဖျက်ဆေးတစ်မျိုးတည်းနဲ့ ကုသမှုက လုံလောက်ဖွယ်မရှိဘူးဆိုတာ ထင်ရှားပါတယ်” လို့ ၎င်းတို့က ပြောပါတယ်။ Remdesivir ဆေးဖြင့် ကုသခဲ့တဲ့ လူနာတွေရဲ့ ၇.၁ ရာခိုင်နှုန်း ၁၄ ရက်အတွင်း သေဆုံးခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။

Credit Duwun

Be the first to comment

Leave a Reply

Your email address will not be published.


*