” ကိုယ်တိုင်ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးနဲ့ ပရိသတ်တွေကို သတိပေးစကား ပြောလိုက်တဲ့ နန်းစန္ဒာလှထွန်း “





UNICODE

ပရိသတ်ကြီးရေ နန်းစန္ဒာလှထွန်းကတော့ MRTV – (4) ဇာတ်လမ်းတွဲ မင်းသမီးလေးဖြစ်ပြီး ပရိသတ်တွေက သဘာဝဇာတ်လမ်းတွဲ မင်းသမီးအဖြစ် ချီးကျူးခြင်းခံရသူလေးတစ်ယောက်ပါ။ပထမဆုံးသူမရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲ ဖြစ်တဲ့ ” ပဉ္စလက်ရွာ ” ဇာတ်လမ်းတွဲ မှ ” ရေဝတီ ” ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေတစ်ခဲနက် အားပေးမှုကိုရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။”အရိပ်” ဇာတ်လမ်းတွဲမှာလည်း နာ့စ်ဆရာမလေး ” သက်သက် ” ဇာတ်ကောင်နာမည်နဲ့ ပရိသတ်အသည်းကို ထပ်မံခြွေနိုင်ခဲ့ပြန်ပါသေးတယ်။”ဝင်္ကပါရှင်းတမ်း” ဇာတ်လမ်းတွဲ မှာလည်း ” ဟန်နီ” ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေကို ထပ်မံဆွဲဆောင်နိုင်ခဲ့သူလေးပါ။

ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ရတဲ့ ” ငွေစက္ကူ (၇)ရွက်” ဇာတ်ကားမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ ဘယ်ဇာတ်ရုပ်မဆို သဘာဝကျကျ ပီပြင်အောင် စိတ်နှစ် ရိုက်ကူးတတ်တာ သူမရဲ့ချစ်စရာကောင်းလွန်းတဲ့အချက်လေးပါပဲနော်။ ရေဝတီလေးကတော့ ရှမ်းတိုင်းရင်းသူလေးတစ်ယောက် ဖြစ်ပြီး Miss World Myanmar ( 2015 )Second Runner Up အလှမယ်ဆုရှင်လေးပါနော်။

ယောကျာ်းလေးပရိသတ်တွေ အသည်းစွဲ အားပေးကြတဲ့အပြင် မိန်းကလေးပရိသတ်တွေကပါ သူမရဲ့ အပြုအမူအပြောလေးတွေကို နှစ်သက်သဘောကျခံရတဲ့ ဇာတ်လမ်းတွဲမင်းသမီးလေးကတော့ ဒီနေ့မှာ ” လက်အိတ်တာမစွတ်ထားရင် လက်တွေဘယ်လောက်ပေသွားမှန်းတောင်သိမှာမဟုတ်ဘူး ။ ရောဂါပိုးဆိုတာ မြင်ရတာမဟုတ်ဘူး ။လက်အိတ်မစွတ်နိုင်ရင်တောင်အမြဲလက်ဆေးနေဖို့ မမေ့ပါနဲ့ ” ဆိုတဲ့စာလေးနဲ့ သူမကိုယ်တိုင်ကြုံတွေ့တာလေးကို ဥပမာပေးကာ သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နန်းစန္ဒာလှထွန်းရဲ့ အကြံပေးစကားလေးကို သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

Source : Nann Sandar Hla Htun
Credit –CeleConnections

Be the first to comment

Leave a Reply

Your email address will not be published.


*