COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရး ကမာၻ႔ဘဏ္က ေဒၚလာသန္း ၅၀ ေခ်းရန္ လႊတ္ေတာ္အတည္ျပဳ

COVID-19 အလ်င္အျမန္ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ကမာၻ႔ဘဏ္ထံကေန အေမရိကန္ေဒၚလာသန္း ၅၀ ေခ်းယူဖို႔နဲ႔ပတ္သက္ၿပီး ျပည္ေထာင္စု လႊတ္ေတာ္က အတည္ျပဳလိုက္ပါတယ္။ ေမလ ၂၂ ရက္က ျပဳလုပ္တဲ့ ျပည္ေထာင္စု လႊတ္ေတာ္အစည္းအေဝးမွာ လႊတ္ေတာ္ရဲ႕ အဆုံးအျဖတ္ရယူခဲ့ရာမွာ ကန႔္ကြက္သူမရွိခဲ့တဲ့အတြက္ ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳေပးခဲ့တာပါ။ကမာၻ႔ဘဏ္ထံကေန အေမရိကန္ေဒၚလာ သန္း ၅၀ ရယူဖို႔နဲ႔ ပတ္သက္လို႔ မေန႔ ျပည္ေထာင္စုလႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေဆြးေႏြးခဲ့ၾကရာမွာ တပ္မေတာ္သား ကိုယ္စားလွယ္ရဲ႕ ေဝဖန္ေဆြးေႏြးခ်က္ေတြနဲ႔ ပတ္သက္ၿပီး က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးက ဒီကေန႔ လႊတ္ေတာ္မွာ ျပန္လည္တုံ႔ျပန္သြားပါတယ္။

လူထုအၾကား COVID-19 ေရာဂါပိုးရွိ မရွိစစ္ေဆးမႏိုင္ေသးတဲ့ အေျခအေနမွာ ထုတ္ျပန္တဲ့ အခ်က္အလက္ေတြဟာ လိုသလို ခ်ယ္လည္ထုတ္ျပန္ထားတဲ့ အခ်က္အလက္ေတြ ျဖစ္တယ္လို႔ တပ္မေတာ္သားကိုယ္စားလွယ္ ဗိုလ္မႉးဝင္းမင္းထြန္းက ေဝဖန္ေျပာၾကားခဲ့တာပါ။

ဒီလိုေဆြးေႏြးရာမွာ တပ္မေတာ္သားကိုယ္စားလွယ္ ဗိုလ္မႉးဝင္းမင္းထြန္းက COVID-19 ေရာဂါပိုးရွိမရွိ စစ္ေဆးမႈနဲ႔ ပတ္သက္ၿပီး အခ်က္အလက္ေတြကို လိုသလိုႀကိဳးကိုင္ထားသလို ျဖစ္ေနတယ္လို႔ ေဆြးေႏြးခဲ့တာပါ။ဒီလိုေဆြးေႏြးမႈေတြကို က်န္းမာေရးနဲ႔အားကစားဝန္ႀကီးက ျပန္လည္တုံ႔ျပန္ရာမွာ ဗိုလ္မႉးဝင္းမင္းထြန္းရဲ႕ေဆြးေႏြးမႈအတြင္း ပါရွိတဲ့ အစိုးရရဲ႕ စီမံခန႔္ခြဲမႈအားနည္းတယ္ဆိုတဲ့ အခ်က္ကို ျငင္းဆိုခဲ့သလို က်န္းမာေရးဆိုင္ရာ အခ်က္အလက္ေတြကို လိုသလိုျခယ္လွယ္ထားျခင္းမရွိဘူးလို႔လည္း ျပန္လည္ေျပာဆိုခဲ့ပါတယ္။

Credit DVB

UNICODE

COVID-19 အလျင်အမြန်ကာကွယ်ထိန်းချုပ်ရေးအတွက် ကမ္ဘာ့ဘဏ်ထံကနေ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးယူဖို့နဲ့ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ မေလ ၂၂ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူခဲ့ရာမှာ ကန့်ကွက်သူမရှိခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့တာပါ။ကမ္ဘာ့ဘဏ်ထံကနေ အမေရိကန်ဒေါ်လာ သန်း ၅၀ ရယူဖို့နဲ့ ပတ်သက်လို့ မနေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြရာမှာ တပ်မတော်သား ကိုယ်စားလှယ်ရဲ့ ဝေဖန်ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ဒီကနေ့ လွှတ်တော်မှာ ပြန်လည်တုံ့ပြန်သွားပါတယ်။

လူထုအကြား COVID-19 ရောဂါပိုးရှိ မရှိစစ်ဆေးမနိုင်သေးတဲ့ အခြေအနေမှာ ထုတ်ပြန်တဲ့ အချက်အလက်တွေဟာ လိုသလို ချယ်လည်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ ဖြစ်တယ်လို့ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက ဝေဖန်ပြောကြားခဲ့တာပါ။

ဒီလိုဆွေးနွေးရာမှာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းမင်းထွန်းက COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို လိုသလိုကြိုးကိုင်ထားသလို ဖြစ်နေတယ်လို့ ဆွေးနွေးခဲ့တာပါ။ဒီလိုဆွေးနွေးမှုတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးက ပြန်လည်တုံ့ပြန်ရာမှာ ဗိုလ်မှူးဝင်းမင်းထွန်းရဲ့ဆွေးနွေးမှုအတွင်း ပါရှိတဲ့ အစိုးရရဲ့ စီမံခန့်ခွဲမှုအားနည်းတယ်ဆိုတဲ့ အချက်ကို ငြင်းဆိုခဲ့သလို ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို လိုသလိုခြယ်လှယ်ထားခြင်းမရှိဘူးလို့လည်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

Credit DVB

Be the first to comment

Leave a Reply

Your email address will not be published.


*