ႏုိင္ငံ့အႀကီးအကဲရဲ႕ စီမံခန္႔ခြဲမႈအလြဲေတြေၾကာင့္ ကုိဗစ္ကုိ အရံႈးေပးလုိက္ရတဲ့ ဘရာဇီးႏုိင္ငံ

ဘရာဇီးတြင္ ၿပီးခဲ့ေသာ ၂၄ နာရီအတြင္း ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ စံခ်ိန္တင္ခဲ့ၿပီး ေနာက္ ေမ ၂၁ တြင္ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူစုစုေပါင္း ၂၀၀၀၀ ကို ေက်ာ္လြန္သြား ခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ ျပန္ခဲ့ပါတယ္။လက္တင္အေမရိကေဒသတြင္ ဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ အဆိုး႐ြားဆုံးႏိုင္ငံျဖစ္ေနေသာ ဘရာဇီး၌ တစ္ရက္တည္း ၁၁၈၈ ဦး ေသဆုံး ခဲ့ၿပီး ေသဆုံးသူစုစုေပါင္း ၂၀၀၄၇ ဦးအထိ ျမင့္တက္လာခဲ့ပါတယ္။ လက္ရွိအခ်ိန္ထိ ေသဆံုးသူေပါင္း ၂၀,၂၆၇ ဦး ရွိၿပီ ျဖစ္ပါတယ္။

ဘရာဇီးတြင္ ယခုအခါ ဗိုင္းရပ္စ္ကူး စက္ခံရသူအေရအတြက္သည္ ၃၁၀၀၀၀ ေက်ာ္ရွိလာေနၿပီး ေရာဂါစစ္ေဆးမႈ အား နည္းျခင္းေၾကာင့္ အမွန္တကယ္အေရအတြက္ သည္ ယင္းထက္ ပိုမိုမ်ားျပားႏိုင္ေျခရွိေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာၾကားခဲ့ပါတယ္။ကူးစက္မႈႏွင့္ ေသဆုံးမႈႏႈန္း တစ္ရွိန္ထိုး ျမင့္တက္ေနမႈေၾကာင့္ လူဦးေရသန္း ၂၁၀ ရွိ ဘရာဇီးသည္ အေမရိကန္ႏွင့္ ႐ုရွားၿပီးလွ်င္ တတိယအမ်ားဆုံး အကူးစက္ခံရတဲ့ ႏိုင္ငံျဖစ္ေနပါတယ္။ ကမာၻမွာ ေသဆုံးမႈ ဆ႒မေျမာက္ အျမင့္မားဆုံးျဖစ္ေနတဲ့ ဘရာဇီး၌ ၁၁ ရက္အတြင္း ႏွစ္ဆ တိုးခဲ့ေၾကာင္းလည္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

ေရာဂါကူးစက္မႈႏႈန္းမ်ားသည္ စိုးရိမ္ဖြယ္ရာ ပ်ံ႕ႏွံ႔ေနေသာ္လည္း လက္ယာစြန္းဝါဒီ သမၼတ ေဘာ္ဆြန္နာ႐ိုက အလြန္က်ဆင္းေနေသာ စီးပြားေရးကို ျပန္လည္အားေကာင္းေစရန္အတြက္ ေလာ့ေဒါင္းျပဳလုပ္ထားျခင္းကုိ ဖယ္ရွားေပးဖုိ႔ စီစဥ္ေနပါတယ္။ ဘရာဇီးမွာ မတ္လကုန္ကတည္းက ေလာ့ေဒါင္းေတြ ခ်မွတ္ထားတာ ျဖစ္ၿပီး ဘရာဇီး ျပည္သူမ်ားအေနနဲ႔ စိတ္ပ်က္ေနၾကၿပီျဖစ္ေသာ္လည္း ျပည္နယ္ ၂၇ ခုအနက္ အားလုံးနီးပါးတြင္ ေလာ့ေဒါင္း ပုံစံတစ္မ်ိဳးမ်ိဳးကို ခ်မွတ္ထား ဆဲျဖစ္ပါတယ္။

ေသဆံုးသူေတြရဲ႕ ေလးပံုတပံုဟာ ဘရာဇီးရဲ႕ စီးပြားေရးႏွင့္ယဥ္ေက်းမႈ ဆိုင္ရာၿမိဳ႕ေတာ္ျဖစ္ေသာ ေဆာ္ေပၚလိုျပည္နယ္က ျဖစ္ပါတယ္။ ေဆာ္ေပၚလုိ ၿမိဳ႕ဟာ လတ္တေလာအခ်ိန္မွာ ဗိုင္းရပ္စ္ကူး စက္ပ်ံ႕ႏွံ႔မႈအဆိုး႐ြားဆုံးေဒသ ျဖစ္ေနပါတယ္။ဗိုင္းရပ္စ္ႏွိမ္နင္းေရး အစီအစဥ္မ်ားႏွင့္ပတ္သက္၍ သမၼတႏွင့္ မၾကာခဏအခ်င္းမ်ားခဲ့တဲ့ ေဆာ္ေပၚလို ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Joao Doria က ဘရာဇီးဟာ ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ ေဘာ္ဆြန္နာ႐ိုဗိုင္းရပ္စ္ ႏွစ္ခုစလုံးကို တိုက္ဖ်က္ ေနရေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ေဆာ္ေပၚလို၊ ရီယိုဒီဂ်ေန႐ိုးႏွင့္ ႏိုင္ငံေျမာက္ပိုင္းႏွင့္ အေရွ႕ေျမာက္ပိုင္းတစ္ဝန္းရွိ ျပည္နယ္အမ်ားအျပားရွိ ေဆး႐ုံမ်ားဟာ လူနာေတြ မ်ားလြန္းလုိ႔ မႏုိင္မနင္းျဖစ္ကာ ၿပိဳလဲ လုနီးနီး ျဖစ္ေနခဲ့ပါတယ္။ အစုိးရက ယာယီေဆးရံုေတြ အျမန္တည္ေဆာက္ေပးေနေပ့မယ့္ ထပ္တုိးလာတဲ့ လူနာေတြေၾကာင့္ အလ်င္မမီ ျဖစ္ေနရပါတယ္။ကို႐ိုနာဗိုင္းရပ္စ္သည္ သာမန္တုပ္ေကြးဗိုင္းရပ္စ္အေပ်ာ့စားျဖစ္သည္ဟု ခိုင္းႏႈိင္းခဲ့တဲ့ သမၼတ ေဘာ္ဆြန္နာ႐ိုက ကုိဗစ္အား ဟန႔္တားရန္အတြက္ ငွက္ဖ်ားကာကြယ္ေဆးမ်ားကို ေမွ်ာ္လင့္ခ်က္ထားလ်က္ ရွိေနပါတယ္။ ကုိဗစ္ကပ္ စတင္ခ်ိန္မွစ၍ ဘရာဇီးတြင္ က်န္းမာေရး ဝန္ႀကီး (၂) ဦး အေျပာင္းအလဲ ျဖစ္ခဲ့ၿပီး ယခုအခ်ိန္တြင္ အေရးႀကီးတဲ့ ယင္းဝန္ႀကီးဌာနကုိ စစ္ဗုိလ္ခ်ဳပ္တဦးက ယာယီဦးေဆာင္လ်က္ ရွိေနပါတယ္။

သမၼတက ငွက္ဖ်ားေဆးမ်ားကုိ ကုိဗစ္ကုသရာမွာ အသံုးျပဳဖုိ႔ တုိက္တြန္းခဲ့လုိ႔ က်န္းမာေရးဝန္ႀကီးက ႏႈတ္ထြက္သြားခဲ့တာျဖစ္ပါတယ္။ ဘရာဇီးအစုိးရက ကုိဗစ္လူနာမ်ား လကၡဏာျပသည္ႏွင့္တၿပဳိင္နက္ အဆုိပါ ငွက္ဖ်ားေဆးမ်ားကုိ အသံုးျပဳရန္ တုိက္တြန္း အႀကံျပဳထားပါတယ္။

Credit

UNICODE

ဘရာဇီးတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ စံချိန်တင်ခဲ့ပြီး နောက် မေ ၂၁ တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၂၀၀၀၀ ကို ကျော်လွန်သွား ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ် ပြန်ခဲ့ပါတယ်။လက်တင်အမေရိကဒေသတွင် ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးနိုင်ငံဖြစ်နေသော ဘရာဇီး၌ တစ်ရက်တည်း ၁၁၈၈ ဦး သေဆုံး ခဲ့ပြီး သေဆုံးသူစုစုပေါင်း ၂၀၀၄၇ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ လက်ရှိအချိန်ထိ သေဆုံးသူပေါင်း ၂၀,၂၆၇ ဦး ရှိပြီ ဖြစ်ပါတယ်။

ဘရာဇီးတွင် ယခုအခါ ဗိုင်းရပ်စ်ကူး စက်ခံရသူအရေအတွက်သည် ၃၁၀၀၀၀ ကျော်ရှိလာနေပြီး ရောဂါစစ်ဆေးမှု အား နည်းခြင်းကြောင့် အမှန်တကယ်အရေအတွက် သည် ယင်းထက် ပိုမိုများပြားနိုင်ခြေရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပါတယ်။ကူးစက်မှုနှင့် သေဆုံးမှုနှုန်း တစ်ရှိန်ထိုး မြင့်တက်နေမှုကြောင့် လူဦးရေသန်း ၂၁၀ ရှိ ဘရာဇီးသည် အမေရိကန်နှင့် ရုရှားပြီးလျှင် တတိယအများဆုံး အကူးစက်ခံရတဲ့ နိုင်ငံဖြစ်နေပါတယ်။ ကမ္ဘာမှာ သေဆုံးမှု ဆဋ္ဌမမြောက် အမြင့်မားဆုံးဖြစ်နေတဲ့ ဘရာဇီး၌ ၁၁ ရက်အတွင်း နှစ်ဆ တိုးခဲ့ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ရောဂါကူးစက်မှုနှုန်းများသည် စိုးရိမ်ဖွယ်ရာ ပျံ့နှံ့နေသော်လည်း လက်ယာစွန်းဝါဒီ သမ္မတ ဘော်ဆွန်နာရိုက အလွန်ကျဆင်းနေသော စီးပွားရေးကို ပြန်လည်အားကောင်းစေရန်အတွက် လော့ဒေါင်းပြုလုပ်ထားခြင်းကို ဖယ်ရှားပေးဖို့ စီစဉ်နေပါတယ်။ ဘရာဇီးမှာ မတ်လကုန်ကတည်းက လော့ဒေါင်းတွေ ချမှတ်ထားတာ ဖြစ်ပြီး ဘရာဇီး ပြည်သူများအနေနဲ့ စိတ်ပျက်နေကြပြီဖြစ်သော်လည်း ပြည်နယ် ၂၇ ခုအနက် အားလုံးနီးပါးတွင် လော့ဒေါင်း ပုံစံတစ်မျိုးမျိုးကို ချမှတ်ထား ဆဲဖြစ်ပါတယ်။

သေဆုံးသူတွေရဲ့ လေးပုံတပုံဟာ ဘရာဇီးရဲ့ စီးပွားရေးနှင့်ယဉ်ကျေးမှု ဆိုင်ရာမြို့တော်ဖြစ်သော ဆော်ပေါ်လိုပြည်နယ်က ဖြစ်ပါတယ်။ ဆော်ပေါ်လို မြို့ဟာ လတ်တလောအချိန်မှာ ဗိုင်းရပ်စ်ကူး စက်ပျံ့နှံ့မှုအဆိုးရွားဆုံးဒေသ ဖြစ်နေပါတယ်။ဗိုင်းရပ်စ်နှိမ်နင်းရေး အစီအစဉ်များနှင့်ပတ်သက်၍ သမ္မတနှင့် မကြာခဏအချင်းများခဲ့တဲ့ ဆော်ပေါ်လို ပြည်နယ်အုပ်ချုပ်ရေးမှူး Joao Doria က ဘရာဇီးဟာ ကိုရိုနာဗိုင်းရပ်စ်နှင့် ဘော်ဆွန်နာရိုဗိုင်းရပ်စ် နှစ်ခုစလုံးကို တိုက်ဖျက် နေရကြောင်း ပြောကြားခဲ့ပါတယ်။

ဆော်ပေါ်လို၊ ရီယိုဒီဂျနေရိုးနှင့် နိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတစ်ဝန်းရှိ ပြည်နယ်အများအပြားရှိ ဆေးရုံများဟာ လူနာတွေ များလွန်းလို့ မနိုင်မနင်းဖြစ်ကာ ပြိုလဲ လုနီးနီး ဖြစ်နေခဲ့ပါတယ်။ အစိုးရက ယာယီဆေးရုံတွေ အမြန်တည်ဆောက်ပေးနေပေ့မယ့် ထပ်တိုးလာတဲ့ လူနာတွေကြောင့် အလျင်မမီ ဖြစ်နေရပါတယ်။ကိုရိုနာဗိုင်းရပ်စ်သည် သာမန်တုပ်ကွေးဗိုင်းရပ်စ်အပျော့စားဖြစ်သည်ဟု ခိုင်းနှိုင်းခဲ့တဲ့ သမ္မတ ဘော်ဆွန်နာရိုက ကိုဗစ်အား ဟန့်တားရန်အတွက် ငှက်ဖျားကာကွယ်ဆေးများကို မျှော်လင့်ချက်ထားလျက် ရှိနေပါတယ်။ ကိုဗစ်ကပ် စတင်ချိန်မှစ၍ ဘရာဇီးတွင် ကျန်းမာရေး ဝန်ကြီး (၂) ဦး အပြောင်းအလဲ ဖြစ်ခဲ့ပြီး ယခုအချိန်တွင် အရေးကြီးတဲ့ ယင်းဝန်ကြီးဌာနကို စစ်ဗိုလ်ချုပ်တဦးက ယာယီဦးဆောင်လျက် ရှိနေပါတယ်။

သမ္မတက ငှက်ဖျားဆေးများကို ကိုဗစ်ကုသရာမှာ အသုံးပြုဖို့ တိုက်တွန်းခဲ့လို့ ကျန်းမာရေးဝန်ကြီးက နှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ဘရာဇီးအစိုးရက ကိုဗစ်လူနာများ လက္ခဏာပြသည်နှင့်တပြိုင်နက် အဆိုပါ ငှက်ဖျားဆေးများကို အသုံးပြုရန် တိုက်တွန်း အကြံပြုထားပါတယ်။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*