“အခ်စ္ဖြဲ့ေလညင္း” ဇာတ္လမ္းတြဲရိုက္ကူးစဥ္က မိုးကလ်ာရဲ့ စိတ္အတိုင္းေနခဲ့ရလို့ စိတ္ဖိစီးမႈေတြအရမ္းမ်ားခဲ့ေၾကာင္း ရင္ဖြင့္လာတဲ့ ခင္သဇင္

ရုပ္ေလးေခ်ာျပီး စိတ္နွလံုးသားေလးလည္း ျဖဴစင္တဲ့ မင္းသမီးေလး ခင္သဇင္ကို ပရိသတ္ၾကီးအားလံုး ၾကိဳက္နွစ္သက္အားေပးၾကမယ္ ထင္ပါတယ္။ ခင္သဇင္က ေလယာဥ္မယ္တစ္ေယာက္အျဖစ္ကေန အနုပညာနယ္ပယ္ထဲကို ေရာက္ရိွလာခဲ့သူျဖစ္ျပီး ရုပ္ရွင္နဲ့ ဇာတ္လမ္းတြဲေတြမွာ သရုပ္ေဆာင္ရင္း ပရိသတ္အားေပးမႈကို ရရိွခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ ခင္သဇင္က လက္ရိွ ထုတ္လႊင့္ျပသေနတဲ့ “အခ်စ္ဖြဲ့ေလညင္း” ဇာတ္လမ္းတြဲမွာလည္း မိုးကလ်ာဆိုတဲ့ ဗီလိန္ကာရိုက္တာကေန သရုပ္ေဆာင္ခဲ့ျပီး အမွတ္တရေတြကို အခုလိုပဲ ေျပာျပလာပါတယ္။

“ခ်စ္ပရိသတ္ႀကီးကို ရင္ဖြင့္ရဦးမယ္သိလား ?? ဒီကားမွာ ဝလာတယ္ေျပာၾကတယ္။ ဟုတ္ပါတယ္။ အဲကားကို႐ိုက္ရင္း ၁၅ ေပါင္တက္သြားခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ မိုးကလ်ာရဲ႕စိတ္ကို အမွီလိုက္ရလို႔ပါ။ သူျဖစ္ခ်င္တာေတြက သိပ္မ်ားတယ္။ စိတ္ႀကီးတယ္။ ေလာဘႀကီးတယ္။ အညႇိဳးႀကီးတယ္။ အျပင္က ခင္သဇင္ကေတာ့ ေအးေဆးပဲဆိုေတာ့ ဒီ ဇာတ္႐ုပ္ျဖစ္တဲ့ မိုးကလ်ာရဲ႕ ျဖစ္ခ်င္ေနတဲ့ စိတ္ေတြေနာက္ကို အမွီလိုက္ရတာ အရမ္း stress စိတ္ဖိစီးမႈေတြ မ်ားခဲ့တယ္။ မိုးကလ်ာရဲ႕ ရင္ထဲမွာလည္း ရႈပ္ေထြးမႈေတြ မ်ားစြာနဲ႔ မြန္းက်ပ္ၿပီး မေပ်ာ္႐ႊင္ခဲ့ရဘူး။ အဲဒါေၾကာင့္ ခါတိုင္း ရႉတင္ေတြထက္ ပိုစားခဲ့တယ္။ ”

“မိုးကလ်ာျဖစ္ၿပီးတိုင္း ရႈတင္ၿပီးတဲ့ အခ်ိန္တိုင္းရဲ႕ ထြက္ေပါက္ကစားတာပဲ။ ေန႔ညေတြ ႐ိုက္ခဲ့ရေတာ့ ေန႔ေရာ၊ ညေရာ အေသေတြစားခဲ့တယ္။ gym သြားခ်ိန္လည္းမရွိ။ ျပန္လာရင္ ထိုးအိပ္နဲ႔။ ႐ိုက္ကူးေရးကာလ ၅ လေက်ာ္ေလာက္မွာ ဝိတ္က ၁၅ ေပါင္ အထိ တက္သြားခဲ့ပါတယ္။ အခုေတာ့ အဲဒီ ၁၅ ေပါင္ကို ျပန္ခ်ထားပါၿပီ။ ေနာက္တစ္ခါ စိတ္ႀကီးတဲ့ ကားေတြ ႐ိုက္ရင္ ေရလုံျပဳတ္စားမွ ျဖစ္ပါေတာ့မယ္။ ကိုယ့္ အဆီေတြကို ျပန္ျမင္ေနရတာ စိတ္မခ်မ္းသာဘူးတကယ္” ဆိုျပီး ေျပာျပလာပါတယ္။

ခင္သဇင္ကေတာ့ မိုးကလ်ာဆိုတဲ့ ဗီလိန္ကာရိုက္တာကေန အေကာင္းဆံုး သရုပ္ေဆာင္ခဲ့ရင္း ပရိသတ္အားေပးမႈကို ရရိွထားတာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း “အခ်စ္ဖြဲ့ေလညင္း” ဇာတ္လမ္းတြဲထဲက မိုးကလ်ာကို ဆက္လက္အားေပးၾကပါဦးေနာ္။

Source: Khin Thazin’ s fb
Credit – Cele Connections

UNICODE

ရုပ်လေးချောပြီး စိတ်နှလုံးသားလေးလည်း ဖြူစင်တဲ့ မင်းသမီးလေး ခင်သဇင်ကို ပရိသတ်ကြီးအားလုံး ကြိုက်နှစ်သက်အားပေးကြမယ် ထင်ပါတယ်။ ခင်သဇင်က လေယာဉ်မယ်တစ်ယောက်အဖြစ်ကနေ အနုပညာနယ်ပယ်ထဲကို ရောက်ရှိလာခဲ့သူဖြစ်ပြီး ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ခင်သဇင်က လက်ရှိ ထုတ်လွှင့်ပြသနေတဲ့ “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲမှာလည်း မိုးကလျာဆိုတဲ့ ဗီလိန်ကာရိုက်တာကနေ သရုပ်ဆောင်ခဲ့ပြီး အမှတ်တရတွေကို အခုလိုပဲ ပြောပြလာပါတယ်။

“ချစ်ပရိသတ်ကြီးကို ရင်ဖွင့်ရဦးမယ်သိလား ?? ဒီကားမှာ ဝလာတယ်ပြောကြတယ်။ ဟုတ်ပါတယ်။ အဲကားကိုရိုက်ရင်း ၁၅ ပေါင်တက်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ မိုးကလျာရဲ့စိတ်ကို အမှီလိုက်ရလို့ပါ။ သူဖြစ်ချင်တာတွေက သိပ်များတယ်။ စိတ်ကြီးတယ်။ လောဘကြီးတယ်။ အညှိုးကြီးတယ်။ အပြင်က ခင်သဇင်ကတော့ အေးဆေးပဲဆိုတော့ ဒီ ဇာတ်ရုပ်ဖြစ်တဲ့ မိုးကလျာရဲ့ ဖြစ်ချင်နေတဲ့ စိတ်တွေနောက်ကို အမှီလိုက်ရတာ အရမ်း stress စိတ်ဖိစီးမှုတွေ များခဲ့တယ်။ မိုးကလျာရဲ့ ရင်ထဲမှာလည်း ရှုပ်ထွေးမှုတွေ များစွာနဲ့ မွန်းကျပ်ပြီး မပျော်ရွှင်ခဲ့ရဘူး။ အဲဒါကြောင့် ခါတိုင်း ရှူတင်တွေထက် ပိုစားခဲ့တယ်။ ”

“မိုးကလျာဖြစ်ပြီးတိုင်း ရှုတင်ပြီးတဲ့ အချိန်တိုင်းရဲ့ ထွက်ပေါက်ကစားတာပဲ။ နေ့ညတွေ ရိုက်ခဲ့ရတော့ နေ့ရော၊ ညရော အသေတွေစားခဲ့တယ်။ gym သွားချိန်လည်းမရှိ။ ပြန်လာရင် ထိုးအိပ်နဲ့။ ရိုက်ကူးရေးကာလ ၅ လကျော်လောက်မှာ ဝိတ်က ၁၅ ပေါင် အထိ တက်သွားခဲ့ပါတယ်။ အခုတော့ အဲဒီ ၁၅ ပေါင်ကို ပြန်ချထားပါပြီ။ နောက်တစ်ခါ စိတ်ကြီးတဲ့ ကားတွေ ရိုက်ရင် ရေလုံပြုတ်စားမှ ဖြစ်ပါတော့မယ်။ ကိုယ့် အဆီတွေကို ပြန်မြင်နေရတာ စိတ်မချမ်းသာဘူးတကယ်” ဆိုပြီး ပြောပြလာပါတယ်။

ခင်သဇင်ကတော့ မိုးကလျာဆိုတဲ့ ဗီလိန်ကာရိုက်တာကနေ အကောင်းဆုံး သရုပ်ဆောင်ခဲ့ရင်း ပရိသတ်အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲထဲက မိုးကလျာကို ဆက်လက်အားပေးကြပါဦးနော်။

Source: Khin Thazin’ s fb
Credit – Cele Connections

Be the first to comment

Leave a Reply

Your email address will not be published.


*