လႈိင္သာယာက အတည္ျပဳလူနာ ၁၁၁ ကိုဗစ္ေရာဂါေပ်ာက္ၿပီးမွ ကင္ဆာေရာဂါနဲ႔ကြယ္လြန္

ေရာဂါပိုးေပ်ာက္ကင္းၿပီးမွပထမဆုံးေသဆုံးသူ ျဖစ္ပါတယ္။ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ အတည္ျပဳလူနာေတြထဲက လူနာ အမွတ္ ၁၁၁ ကေတာ့ ေရာဂါေပ်ာက္ကင္းၿပီးမွ ပထမဆုံး ေသဆုံးသူ ျဖစ္လာပါတယ္။ကင္ဆာေဝဒနာခံစားခဲ့ရတဲ့ လႈိင္သာယာၿမိဳ႕နယ္က အတည္ျပဳလူနာ နံပါတ္ ၁၁၁ ဟာ ဒီကေန႔ မနက္ပိုင္းကေတာ့ ကင္ဆာေဝဒနာနဲ႔ပဲ ကြယ္လြန္သြားခဲ့တယ္လို႔ လႈိင္သာယာၿမိဳ႕နယ္ က်န္းမာေရးမႉး ေဒၚခင္႐ူပါစိုးက အတည္ျပဳေျပာပါတယ္။လူနာက ေရာဂါပိုး Negative ၃ႀကိမ္ျပခဲ့လို႔ ေရာဂါေပ်ာက္ကင္းေၾကာင္း အသိအမွတ္ျပဳခံရကာ ေဆး႐ုံက ၿပီးခဲ့တဲ့ ေမ၁၁ ရက္ကမွ ဆင္းခြင့္ရခဲ့သူလို႔လည္း သိရပါတယ္။

“၁၁ရက္ေန႔က ေဆး႐ုံဆင္းခြင့္ရၿပီး ၁၈ရက္ေန႔မွာ ကင္ဆာေဆးသြင္းဖို႔ ရန္ကုန္ေဆး႐ုံႀကီးကို ျပန္လည္တက္ ေရာက္ခဲ့တာပါ။သူက နဂိုကတည္းက ကင္ဆာေဝဒနာခံစားေနရသူျဖစ္တာေၾကာင့္ ဒီေန႔ မနက္မွာပဲ သူ႔ရဲ႕ မူလ ေရာဂါနဲ႔ကြယ္လြန္သြားခဲ့တာပါ။”လို႔ ေဒၚခင္႐ူပါစိုးက ေျပာပါတယ္။

လႈိင္သာယာမွာ အတည္ျပဳလူနာ ၅ဦးရွိခဲ့ၿပီး ၅ဦးစလုံး ေရာဂါျပန္လည္သက္သာသြားခဲ့ၿပီ ျဖစ္ၿပီး လူနာနံပါတ္ ၁၁၁ ကေတာ့ မူလ ကင္ဆာေရာဂါေၾကာင့္ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။အျခား ၄ဦးအနက္ အတည္ျပဳလူနာ ၂၆မွာလည္း ဆီးခ်ိဳ၊ေသြးတိုး ေရာဂါအခံရွိေပမယ့္ က်န္းမာေရးေကာင္းမြန္ တယ္လို႔ ေဒၚခင္႐ူပါစိုးက ေျပာပါေသးတယ္။“စုစုေပါင္း ၅ဦးမွာ ၁၁၁နဲ႔ ၂၆မွာေရာဂါအခံရွိၿပီး က်န္လူနာေတြမွာ ေရာဂါအခံမရွိၾကပါဘူး။၂၆ကလည္း အခု က်န္းမာေရးေကာင္းမြန္တယ္လို႔ သိရပါတယ္။”လို႔ ေဒၚခင္႐ူပါစိုးက ေျပာပါတယ္။ျမန္မာႏိုင္ငံမွာေတာ့ ေသဆုံးသြားတဲ့ ကိုဗစ္-၁၉ အတည္ျပဳလူနာ ၆ဦးရွိၿပီး ကိုဗစ္ေရာဂါ မေပ်ာက္ခင္ မူလေရာဂါအခံေတြေၾကာင့္ ကြယ္လြန္ခဲ့တာျဖစ္ကာ လႈိင္သာယာက လူနာ အမွတ္ ၁၁၁ တစ္ဦးတည္းသာ ကိုဗစ္ေပ်ာက္ကင္းၿပီးေနာက္ မူလေရာဂါအခံနဲ႔ကြယ္လြန္ခဲ့တာပါ။

Credit Duwun

UNICODE

ရောဂါပိုးပျောက်ကင်းပြီးမှပထမဆုံးသေဆုံးသူ ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေထဲက လူနာ အမှတ် ၁၁၁ ကတော့ ရောဂါပျောက်ကင်းပြီးမှ ပထမဆုံး သေဆုံးသူ ဖြစ်လာပါတယ်။ကင်ဆာဝေဒနာခံစားခဲ့ရတဲ့ လှိုင်သာယာမြို့နယ်က အတည်ပြုလူနာ နံပါတ် ၁၁၁ ဟာ ဒီကနေ့ မနက်ပိုင်းကတော့ ကင်ဆာဝေဒနာနဲ့ပဲ ကွယ်လွန်သွားခဲ့တယ်လို့ လှိုင်သာယာမြို့နယ် ကျန်းမာရေးမှူး ဒေါ်ခင်ရူပါစိုးက အတည်ပြုပြောပါတယ်။လူနာက ရောဂါပိုး Negative ၃ကြိမ်ပြခဲ့လို့ ရောဂါပျောက်ကင်းကြောင်း အသိအမှတ်ပြုခံရကာ ဆေးရုံက ပြီးခဲ့တဲ့ မေ၁၁ ရက်ကမှ ဆင်းခွင့်ရခဲ့သူလို့လည်း သိရပါတယ်။

“၁၁ရက်နေ့က ဆေးရုံဆင်းခွင့်ရပြီး ၁၈ရက်နေ့မှာ ကင်ဆာဆေးသွင်းဖို့ ရန်ကုန်ဆေးရုံကြီးကို ပြန်လည်တက် ရောက်ခဲ့တာပါ။သူက နဂိုကတည်းက ကင်ဆာဝေဒနာခံစားနေရသူဖြစ်တာကြောင့် ဒီနေ့ မနက်မှာပဲ သူ့ရဲ့ မူလ ရောဂါနဲ့ကွယ်လွန်သွားခဲ့တာပါ။”လို့ ဒေါ်ခင်ရူပါစိုးက ပြောပါတယ်။

လှိုင်သာယာမှာ အတည်ပြုလူနာ ၅ဦးရှိခဲ့ပြီး ၅ဦးစလုံး ရောဂါပြန်လည်သက်သာသွားခဲ့ပြီ ဖြစ်ပြီး လူနာနံပါတ် ၁၁၁ ကတော့ မူလ ကင်ဆာရောဂါကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။အခြား ၄ဦးအနက် အတည်ပြုလူနာ ၂၆မှာလည်း ဆီးချို၊သွေးတိုး ရောဂါအခံရှိပေမယ့် ကျန်းမာရေးကောင်းမွန် တယ်လို့ ဒေါ်ခင်ရူပါစိုးက ပြောပါသေးတယ်။“စုစုပေါင်း ၅ဦးမှာ ၁၁၁နဲ့ ၂၆မှာရောဂါအခံရှိပြီး ကျန်လူနာတွေမှာ ရောဂါအခံမရှိကြပါဘူး။၂၆ကလည်း အခု ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။”လို့ ဒေါ်ခင်ရူပါစိုးက ပြောပါတယ်။မြန်မာနိုင်ငံမှာတော့ သေဆုံးသွားတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ဦးရှိပြီး ကိုဗစ်ရောဂါ မပျောက်ခင် မူလရောဂါအခံတွေကြောင့် ကွယ်လွန်ခဲ့တာဖြစ်ကာ လှိုင်သာယာက လူနာ အမှတ် ၁၁၁ တစ်ဦးတည်းသာ ကိုဗစ်ပျောက်ကင်းပြီးနောက် မူလရောဂါအခံနဲ့ကွယ်လွန်ခဲ့တာပါ။

Credit Duwun

Be the first to comment

Leave a Reply

Your email address will not be published.


*