စူပါ,ပါဝါမရွိေပမယ့္ အၾကမ္းဆုံးလုပ္ေဆာင္ႏိုင္တဲ့ DC ရဲ႕ဗီလိန္(၅)ေယာက္

DC universe ထဲမွာ စူပါဟီး႐ိုးနဲ႔ စူပါဗီလိန္ေတြ အမ်ားႀကီး ရွိေပမယ့္ တစ္ခ်ိဳ႕ဇာတ္ေကာင္ေတြမွာေတာ့ စူပါ,ပါဝါေတြ မရွိၾကပါဘူး။ အဲ့လိုဇာတ္ေကာင္ေတြဟာ သူတို႔ရဲ႕ကြၽမ္းက်င္မႈေတြနဲ႔ ဉာဏ္ရည္ကို အသုံးခ်ၿပီး ရန္သူကို အႏိုင္ယူၾကပါတယ္။ စူပါ,ပါဝါ မရွိဘဲနဲ႔ အၾကမ္းဆုံး လုပ္ေဆာင္ႏိုင္တဲ့ DC ရဲ႕ ဗီလိန္(၅)ေယာက္ကေတာ့ …

Deadshot

Deadshot ဟာ ေၾကးစားလူသတ္သမားတစ္ေယာက္ ျဖစ္ၿပီးေတာ့ DC universe ထဲက အႏၲရာယ္အေပးႏိုင္ဆုံး ဖိုက္တာေတြထဲမွာ ပါဝင္ပါတယ္။ သူ႔ရဲ႕ကြၽမ္းက်င္မႈေတြကေတာ့ ေျခရာခံလိုက္ျခင္းနဲ႔ သူလွ်ိဳလုပ္ကာ စုံစမ္းျခင္းတို႔ ျဖစ္ပါတယ္။ ဒါ့အျပင္ ပစ္တိုင္းမလြဲတဲ့ လက္ေျဖာင့္ ေသနတ္သမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ဆရာက်လြန္းတဲ့ လုပ္ႀကံေရးသမားတစ္ေယာက္ ျဖစ္တာေၾကာင့္ တစ္ဖက္ကလူရဲ႕ အားနည္းခ်က္ကို ရွာေဖြႏိုင္စြမ္းရွိၿပီး အျမန္ဆုံး ကိစၥၿပီးေအာင္ တိုက္ခိုက္ႏိုင္သူလည္း ျဖစ္ပါတယ္။ သူအၿမဲသုံးတဲ့ လက္နက္ကေတာ့ the wrist-mounted gun လို႔ေခၚၿပီးေတာ့ သူ႔ရဲ႕ လက္ေကာက္ဝတ္မွာ တပ္ထားပါတယ္။ အဲ့ဒီေသနတ္ဟာ အသံတိတ္ေသနတ္ ျဖစ္ၿပီးေတာ့ ခုခံႏိုင္စြမ္း ျမင့္မားတဲ့ အရာဝတၳဳေတြကိုေတာင္ အလြယ္တကူ ေဖာက္ထြင္းႏိုင္စြမ္း ရွိပါတယ္။

Black Mask

Black Mask ဟာ ေဂၚသမ္ၿမိဳ႕ ေျမေအာက္ေလာကရဲ႕ အႀကီးအကဲတစ္ေယာက္ ျဖစ္ၿပီးေတာ့ မႈခင္းေတြ ေတာ္ေတာ္မ်ားမ်ားရဲ႕ ေနာက္ကြယ္မွာ ႀကိဳးကိုင္သူတစ္ေယာက္အျဖစ္ ရွိေနတဲ့သူပါ။ လူအနည္းငယ္ေလာက္ကသာ ယွဥ္ႏိုင္မယ့္ စြမ္းရည္ေတြကို ပိုင္ဆိုင္ထားသူလည္း ျဖစ္ပါတယ္။ အဖြဲ႕အစည္းေတြကို စီမံႀကိဳးကိုင္ႏိုင္ၿပီး ဗ်ဴဟာခ်ႏိုင္သူလည္း ျဖစ္တာေၾကာင့္ ေဂၚသမ္ရဲ႕ ရာဇဝတ္သားေတြကို ႀကိဳက္သလို စီမံအသုံးခ်ႏိုင္သူလည္း ျဖစ္ပါတယ္။လူနာမည္ကေတာ့ Roman Sionis ျဖစ္ၿပီး လူတစ္ေယာက္ကို စိတ္ပိုင္းဆိုင္ရာေရာ၊ ႐ုပ္ပိုင္းဆိုင္ရာမွာပါ ႏွိပ္စက္ရတာကို အႀကိဳက္ေတြ႕သူမို႔ အမ်ားစုရဲ႕ ေၾကာက္႐ြံ႕မႈကို ရရွိထားသူလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Black Mask ဟာ လ်င္ျမန္မႈ၊ ခြန္အားႀကီးမားမႈနဲ႔ အၾကမ္းခံႏိုင္မႈေတြမွာလည္း ဘယ္စစ္သည္ေတာ္နဲ႔မဆို ယွဥ္ခ်ႏိုင္တဲ့အစြမ္းရွိတဲ့ ဖိုက္တာတစ္ေယာက္ ျဖစ္ပါတယ္။ သူ႔စေကးေတြထဲက ေနာက္ဆုံးတစ္ခ်က္ကေတာ့ လက္ေျဖာင့္ေသနတ္သမားဆိုတာပါပဲ။

Ozymandias

Ozymandias ဟာ စူပါဟီး႐ိုးေတြ အကုန္လုံးကို လွည့္စားႏိုင္စြမ္း ရွိတာေၾကာင့္ ဉာဏ္အေကာင္းဆုံး လူသားတစ္ေယာက္လို႔ေတာင္ ေျပာဆိုၾကပါတယ္။ အင္မတန္ ေကာင္းမြန္တဲ့ သူ႔ရဲ႕ဉာဏ္ရည္မွာ ပါဝင္ေနတဲ့ စေကးေတြကေတာ့ ျမင့္မားလြန္းတဲ့ မွတ္ဉာဏ္စြမ္းအား၊ ဘာသာစကားေပါင္း ေျမာက္မ်ားစြာကို တတ္ကြၽမ္းမႈ၊ ဗ်ဴဟာပိုင္းဆိုင္ရာမွာ ဆရာက်မႈေတြအျပင္ အင္ဂ်င္နီယာပညာရပ္မွာလည္း ကြၽမ္းက်င္သူ ျဖစ္ပါတယ္။သူ႔ရဲ႕ တိုက္ခိုက္ႏိုင္စြမ္းကေတာ့ တစ္ဆင့္ျမင့္တဲ့ အေနအထားမွာ ရွိပါတယ္။ ကိုယ္ခံပညာရပ္ေပါင္းမ်ားစြာကို တတ္ကြၽမ္းတဲ့အျပင္ အားကစားမွာလည္း ထူးခြၽန္သူျဖစ္တာေၾကာင့္ က်ည္ဆံကိုေတာင္ ဖမ္းႏိုင္တဲ့လ်င္ျမန္မႈကို ပိုင္ဆိုင္ထားပါတယ္။

Joker

DC ရဲ႕ စူပါ,ပါဝါ မရွိဘဲ ၾကမ္းႏိုင္တဲ့ဗီလိန္ေတြဆိုရင္ Joker ကိုေတာ့ လုံးဝမထည့္လို႔ မျဖစ္ပါဘူး။ သူဟာ မႈခင္းျဖစ္ရပ္ေတြရဲ႕ အိမ္ေရွ႕စံမင္းသားလို႔ေတာင္ ခ်ီးက်ဴးေခၚဆိုခံရသူပါတယ္။ Joker ဟာ Batman ကို ဒုကၡအေပးႏိုင္ဆုံး ဗီလိန္တစ္ေယာက္ ျဖစ္ၿပီးေတာ့ သာမန္လူေတြမွာ မရွိႏိုင္တဲ့ ႐ုပ္ပိုင္းဆိုင္ရာ ခံႏိုင္ရည္စြမ္းေတြကို ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ သူဟာ နာက်င္မႈကိုလည္း မယုံႏိုင္စရာ ေကာင္းေလာက္ေအာင္ ခံႏိုင္ရည္ရွိၿပီး အဆိပ္မ်ိဳးစုံကို ခုခံႏိုင္စြမ္းရွိပါတယ္။သူ႔ရဲ႕ရန္သူတိုင္းကို ႐ူးသြပ္သြားေအာင္ လွည့္စားႏိုင္စြမ္းရွိတဲ့အျပင္ ရန္သူက ခ်မွတ္မယ့္ ဆုံးျဖတ္ခ်က္ေတြကိုပါ ႀကိဳတင္တြက္ခ်က္ထားၿပီး ဗ်ဴဟာေတြ၊ လွည့္ကြက္ေတြကို အဆင့္ဆင့္ ခ်မွတ္ထားႏိုင္သူလည္း ျဖစ္ပါတယ္။

Lex Luthor

Lex Luthor ဟာ အရမ္းကို ဉာဏ္ေကာင္းတဲ့သူတစ္ေယာက္ ျဖစ္ၿပီးေတာ့ IQ (၂၂၅)ေတာင္ ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ သူ႔ရဲ႕ ကြၽမ္းက်င္မႈေတြနဲ႔ ဉာဏ္ေကာင္းတာေတြေၾကာင့္ Superman လိုမ်ိဳး စြမ္းအားႀကီးမားတဲ့ စူပါဟီး႐ိုးနဲ႔ေတာင္ တစ္ေယာက္ခ်င္း ယွဥ္တိုက္လို႔ရတဲ့အထိ ၾကမ္းပါတယ္။ Superman နဲ႔ေတာင္မွ ယွဥ္ၿပီး ခ်ႏိုင္တဲ့သူျဖစ္လို႔ အျခားစူပါဟီး႐ိုးေတြအတြက္လည္း ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ တည္ရွိေနသူ ျဖစ္ပါတယ္။သူဟာ သိပၸံပညာ၊ ေဆးပညာ၊ ႏိုင္ငံေရးနဲ႔ စီးပြားေရးေတြမွာ တစ္ဖက္ကမ္းခတ္ ဗဟုသုတရွိသူ ျဖစ္ပါတယ္။ ဒီလိုစေကးေတြ ရွိေနတာေၾကာင့္ပဲ သူ႔ရဲ႕ Lexcorp ကုမၸဏီဟာ DC universe မွာ အႀကီးမားဆုံး စီးပြားေရးအင္ပါယာေတြထဲက တစ္ခု ျဖစ္ေနတာပါ။ဒါကေတာ့ စူပါ,ပါဝါမရွိဘဲနဲ႔ ၾကမ္းႏိုင္လြန္းတဲ့ DC ရဲ႕ဗီလိန္ငါးေယာက္ ျဖစ္ပါတယ္။ ဘယ္တစ္ေယာက္က စာဖတ္သူတို႔ ႏွစ္သက္တဲ့ ဗီလိန္လည္းဆိုတာ ေျပာျပခဲ့ပါဦး။

Credit sanyitwine

UNICODE

DC universe ထဲမှာ စူပါဟီးရိုးနဲ့ စူပါဗီလိန်တွေ အများကြီး ရှိပေမယ့် တစ်ချို့ဇာတ်ကောင်တွေမှာတော့ စူပါ,ပါဝါတွေ မရှိကြပါဘူး။ အဲ့လိုဇာတ်ကောင်တွေဟာ သူတို့ရဲ့ကျွမ်းကျင်မှုတွေနဲ့ ဉာဏ်ရည်ကို အသုံးချပြီး ရန်သူကို အနိုင်ယူကြပါတယ်။ စူပါ,ပါဝါ မရှိဘဲနဲ့ အကြမ်းဆုံး လုပ်ဆောင်နိုင်တဲ့ DC ရဲ့ ဗီလိန်(၅)ယောက်ကတော့ …

Deadshot

Deadshot ဟာ ကြေးစားလူသတ်သမားတစ်ယောက် ဖြစ်ပြီးတော့ DC universe ထဲက အန္တရာယ်အပေးနိုင်ဆုံး ဖိုက်တာတွေထဲမှာ ပါဝင်ပါတယ်။ သူ့ရဲ့ကျွမ်းကျင်မှုတွေကတော့ ခြေရာခံလိုက်ခြင်းနဲ့ သူလျှိုလုပ်ကာ စုံစမ်းခြင်းတို့ ဖြစ်ပါတယ်။ ဒါ့အပြင် ပစ်တိုင်းမလွဲတဲ့ လက်ဖြောင့် သေနတ်သမားတစ်ယောက်လည်း ဖြစ်ပါတယ်။

ဆရာကျလွန်းတဲ့ လုပ်ကြံရေးသမားတစ်ယောက် ဖြစ်တာကြောင့် တစ်ဖက်ကလူရဲ့ အားနည်းချက်ကို ရှာဖွေနိုင်စွမ်းရှိပြီး အမြန်ဆုံး ကိစ္စပြီးအောင် တိုက်ခိုက်နိုင်သူလည်း ဖြစ်ပါတယ်။ သူအမြဲသုံးတဲ့ လက်နက်ကတော့ the wrist-mounted gun လို့ခေါ်ပြီးတော့ သူ့ရဲ့ လက်ကောက်ဝတ်မှာ တပ်ထားပါတယ်။ အဲ့ဒီသေနတ်ဟာ အသံတိတ်သေနတ် ဖြစ်ပြီးတော့ ခုခံနိုင်စွမ်း မြင့်မားတဲ့ အရာဝတ္ထုတွေကိုတောင် အလွယ်တကူ ဖောက်ထွင်းနိုင်စွမ်း ရှိပါတယ်။

Black Mask

Black Mask ဟာ ဂေါ်သမ်မြို့ မြေအောက်လောကရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ပြီးတော့ မှုခင်းတွေ တော်တော်များများရဲ့ နောက်ကွယ်မှာ ကြိုးကိုင်သူတစ်ယောက်အဖြစ် ရှိနေတဲ့သူပါ။ လူအနည်းငယ်လောက်ကသာ ယှဉ်နိုင်မယ့် စွမ်းရည်တွေကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ အဖွဲ့အစည်းတွေကို စီမံကြိုးကိုင်နိုင်ပြီး ဗျူဟာချနိုင်သူလည်း ဖြစ်တာကြောင့် ဂေါ်သမ်ရဲ့ ရာဇဝတ်သားတွေကို ကြိုက်သလို စီမံအသုံးချနိုင်သူလည်း ဖြစ်ပါတယ်။

လူနာမည်ကတော့ Roman Sionis ဖြစ်ပြီး လူတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ နှိပ်စက်ရတာကို အကြိုက်တွေ့သူမို့ အများစုရဲ့ ကြောက်ရွံ့မှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Black Mask ဟာ လျင်မြန်မှု၊ ခွန်အားကြီးမားမှုနဲ့ အကြမ်းခံနိုင်မှုတွေမှာလည်း ဘယ်စစ်သည်တော်နဲ့မဆို ယှဉ်ချနိုင်တဲ့အစွမ်းရှိတဲ့ ဖိုက်တာတစ်ယောက် ဖြစ်ပါတယ်။ သူ့စကေးတွေထဲက နောက်ဆုံးတစ်ချက်ကတော့ လက်ဖြောင့်သေနတ်သမားဆိုတာပါပဲ။

Ozymandias

Ozymandias ဟာ စူပါဟီးရိုးတွေ အကုန်လုံးကို လှည့်စားနိုင်စွမ်း ရှိတာကြောင့် ဉာဏ်အကောင်းဆုံး လူသားတစ်ယောက်လို့တောင် ပြောဆိုကြပါတယ်။ အင်မတန် ကောင်းမွန်တဲ့ သူ့ရဲ့ဉာဏ်ရည်မှာ ပါဝင်နေတဲ့ စကေးတွေကတော့ မြင့်မားလွန်းတဲ့ မှတ်ဉာဏ်စွမ်းအား၊ ဘာသာစကားပေါင်း မြောက်များစွာကို တတ်ကျွမ်းမှု၊ ဗျူဟာပိုင်းဆိုင်ရာမှာ ဆရာကျမှုတွေအပြင် အင်ဂျင်နီယာပညာရပ်မှာလည်း ကျွမ်းကျင်သူ ဖြစ်ပါတယ်။

သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကတော့ တစ်ဆင့်မြင့်တဲ့ အနေအထားမှာ ရှိပါတယ်။ ကိုယ်ခံပညာရပ်ပေါင်းများစွာကို တတ်ကျွမ်းတဲ့အပြင် အားကစားမှာလည်း ထူးချွန်သူဖြစ်တာကြောင့် ကျည်ဆံကိုတောင် ဖမ်းနိုင်တဲ့လျင်မြန်မှုကို ပိုင်ဆိုင်ထားပါတယ်။

Joker

DC ရဲ့ စူပါ,ပါဝါ မရှိဘဲ ကြမ်းနိုင်တဲ့ဗီလိန်တွေဆိုရင် Joker ကိုတော့ လုံးဝမထည့်လို့ မဖြစ်ပါဘူး။ သူဟာ မှုခင်းဖြစ်ရပ်တွေရဲ့ အိမ်ရှေ့စံမင်းသားလို့တောင် ချီးကျူးခေါ်ဆိုခံရသူပါတယ်။ Joker ဟာ Batman ကို ဒုက္ခအပေးနိုင်ဆုံး ဗီလိန်တစ်ယောက် ဖြစ်ပြီးတော့ သာမန်လူတွေမှာ မရှိနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်စွမ်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူဟာ နာကျင်မှုကိုလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ခံနိုင်ရည်ရှိပြီး အဆိပ်မျိုးစုံကို ခုခံနိုင်စွမ်းရှိပါတယ်။

သူ့ရဲ့ရန်သူတိုင်းကို ရူးသွပ်သွားအောင် လှည့်စားနိုင်စွမ်းရှိတဲ့အပြင် ရန်သူက ချမှတ်မယ့် ဆုံးဖြတ်ချက်တွေကိုပါ ကြိုတင်တွက်ချက်ထားပြီး ဗျူဟာတွေ၊ လှည့်ကွက်တွေကို အဆင့်ဆင့် ချမှတ်ထားနိုင်သူလည်း ဖြစ်ပါတယ်။

Lex Luthor

Lex Luthor ဟာ အရမ်းကို ဉာဏ်ကောင်းတဲ့သူတစ်ယောက် ဖြစ်ပြီးတော့ IQ (၂၂၅)တောင် ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူ့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ ဉာဏ်ကောင်းတာတွေကြောင့် Superman လိုမျိုး စွမ်းအားကြီးမားတဲ့ စူပါဟီးရိုးနဲ့တောင် တစ်ယောက်ချင်း ယှဉ်တိုက်လို့ရတဲ့အထိ ကြမ်းပါတယ်။ Superman နဲ့တောင်မှ ယှဉ်ပြီး ချနိုင်တဲ့သူဖြစ်လို့ အခြားစူပါဟီးရိုးတွေအတွက်လည်း ခြိမ်းခြောက်မှုတစ်ခုအဖြစ် တည်ရှိနေသူ ဖြစ်ပါတယ်။

သူဟာ သိပ္ပံပညာ၊ ဆေးပညာ၊ နိုင်ငံရေးနဲ့ စီးပွားရေးတွေမှာ တစ်ဖက်ကမ်းခတ် ဗဟုသုတရှိသူ ဖြစ်ပါတယ်။ ဒီလိုစကေးတွေ ရှိနေတာကြောင့်ပဲ သူ့ရဲ့ Lexcorp ကုမ္ပဏီဟာ DC universe မှာ အကြီးမားဆုံး စီးပွားရေးအင်ပါယာတွေထဲက တစ်ခု ဖြစ်နေတာပါ။

ဒါကတော့ စူပါ,ပါဝါမရှိဘဲနဲ့ ကြမ်းနိုင်လွန်းတဲ့ DC ရဲ့ဗီလိန်ငါးယောက် ဖြစ်ပါတယ်။ ဘယ်တစ်ယောက်က စာဖတ်သူတို့ နှစ်သက်တဲ့ ဗီလိန်လည်းဆိုတာ ပြောပြခဲ့ပါဦး။

Credit sanyitwine

Be the first to comment

Leave a Reply

Your email address will not be published.


*