ကိုရီးယားအပါအဝင္ ႏိုင္ငံ ၁၁ ႏိုင္ငံမွ ျမန္မာႏိုင္ငံသား ၁၃၂ ဦးကို ျပန္ေခၚ

COVID-19 ေရာဂါေၾကာင့္ ေနရပ္ျပန္ဖို႔ အခက္အခဲႀကဳံေနရတဲ့ ကိုရီးယားႏိုင္ငံအပါအဝင္ ႏိုင္ငံ ၁၁ ႏိုင္ငံက ျမန္မာႏိုင္ငံသား ၁၃၂ ဦးကို ကယ္ဆယ္ေရးေလယာဥ္နဲ႔ ဒီေန႔ညေနပိုင္းက ရန္ကုန္သို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ပါတယ္။

ကမာၻတစ္ဝန္း COVID-19 ေရာဂါ ကူးစက္ျပန႔္ပြားေနတာေၾကာင့္ ႏိုင္ငံတကာေလေၾကာင္းလိုင္းေတြ ပ်ံသန္းမႈ ယာယီရပ္ဆိုင္းထားတဲ့ ကာလအတြင္း ႏိုင္ငံအေတာ္မ်ားမ်ားမွာ ျမန္မာႏိုင္ငံသားေတြ ျပန္ဖို႔ အခက္အခဲျဖစ္ေနတာျဖစ္ၿပီး စတုတၳအႀကိမ္ကယ္ဆယ္ေရးေလယာဥ္ MAI နဲ႔ ဒီေန႔ညေန ေဒသစံေတာ္ခ်ိန္ ၅ နာရီခြဲေလာက္က အင္ခြၽန္းအျပည္ျပည္ဆိုင္ရာေလဆိပ္မွ ရန္ကုန္ၿမိဳ႕ကို ျပန္လည္ပို႔ေဆာင္ေပးခဲ့ပါတယ္။

အဲဒီကယ္ဆယ္ေရးေလယာဥ္မွာ ကိုရီးယားေရာက္ ျမန္မာႏိုင္ငံသား ၇၂ ဦးနဲ႔ အေမရိကန္၊ ၿဗိတိန္ႏိုင္ငံ၊ ေနာ္ေဝႏိုင္ငံ၊ အင္ဒိုနီးရွားႏိုင္ငံ၊ ေဟာင္ေကာင္၊ ကာတာႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံ၊ ကေနဒါႏိုင္ငံ၊ ဘယ္လ္ဂ်ီယံႏိုင္ငံနဲ႔ အီတလီႏိုင္ငံတို႔မွ ျမန္မာႏိုင္ငံသား အေယာက္ ၆၀၊ စုစုေပါင္း ၁၃၂ ဦး ပါရွိတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

Credit DVB

UNICODE

COVID-19 ရောဂါကြောင့် နေရပ်ပြန်ဖို့ အခက်အခဲကြုံနေရတဲ့ ကိုရီးယားနိုင်ငံအပါအဝင် နိုင်ငံ ၁၁ နိုင်ငံက မြန်မာနိုင်ငံသား ၁၃၂ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ဒီနေ့ညနေပိုင်းက ရန်ကုန်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေတာကြောင့် နိုင်ငံတကာလေကြောင်းလိုင်းတွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတဲ့ ကာလအတွင်း နိုင်ငံအတော်များများမှာ မြန်မာနိုင်ငံသားတွေ ပြန်ဖို့ အခက်အခဲဖြစ်နေတာဖြစ်ပြီး စတုတ္ထအကြိမ်ကယ်ဆယ်ရေးလေယာဉ် MAI နဲ့ ဒီနေ့ညနေ ဒေသစံတော်ချိန် ၅ နာရီခွဲလောက်က အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။

အဲဒီကယ်ဆယ်ရေးလေယာဉ်မှာ ကိုရီးယားရောက် မြန်မာနိုင်ငံသား ၇၂ ဦးနဲ့ အမေရိကန်၊ ဗြိတိန်နိုင်ငံ၊ နော်ဝေနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဟောင်ကောင်၊ ကာတာနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံနဲ့ အီတလီနိုင်ငံတို့မှ မြန်မာနိုင်ငံသား အယောက် ၆၀၊ စုစုပေါင်း ၁၃၂ ဦး ပါရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Credit DVB

Be the first to comment

Leave a Reply

Your email address will not be published.


*