Quarantine ဝင္ရသူ ႏွစ္သိန္းေက်ာ္ရွိသျဖင့္ ကိုဗစ္ေရာဂါ ရွိမရွိ အကုန္လုံးကို စစ္ေဆးရန္ မျဖစ္ႏိုင္ဟုဆို

ျမန္မာႏိုင္ငံတြင္ အသြားအလာကန္႔သတ္ေစာင့္ၾကည့္ခံရသူ (Quarantine) ႏွစ္သိန္းတစ္ေသာင္းေက်ာ္ရွိၿပီး ၎တို႔ အားလုံးကို ကိုဗစ္ေရာဂါ ရွိမရွိ စစ္ေဆးရန္ မျဖစ္ႏိုင္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန မွ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာၾကားသည္။က်န္းမာေရးဆိုင္ရာ တုံ႔ျပန္မႈအေရးေပၚစီမံခ်က္ အေကာင္အထည္ေဖာ္ရန္ ကမာၻ႔ဘဏ္၊ အျပည္ျပည္ဆိုင္ရာ ဖြံ႕ၿဖိဳးေရးအဖြဲ႕ (IDA) တို႔ထံမွ အေမရိကန္ေဒၚလာသန္း ၅၀ ေခ်းေငြရယူမႈႏွင့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေမးျမန္းထားမႈကို ယေန႔က်င္းပသည့္ လႊတ္ေတာ္အစည္းအေဝးတြင္ လာ ေရာက္ ေျဖၾကားစဥ္ ယင္းသို႔ ထည့္သြင္းေျပာဆိုျခင္းျဖစ္သည္။

“ဒီႏွစ္သိန္းတစ္ေသာင္းကို စစ္ဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး” ဟု ျပည္ေထာင္စုဝန္ႀကီးက ေျပာဆို သည္။လက္ရွိတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ၌ ၂၄ နာရီစလုံး လည္ပတ္လွ်င္ လူ ၇၅၀ ၏ ဓာတ္ခြဲနမူနာမ်ားကို စစ္ေဆးႏိုင္ၿပီး ေဆးသုေတသနဦးစီးဌာနတြင္ ၃၇၀ စစ္ေဆးႏိုင္ေၾကာင္း ၎က ဆိုသည္။ ထို႔ေၾကာင့္ လက္ရွိအေျခအေနတြင္ တစ္ရက္လွ်င္ အျမင့္ဆုံး တစ္ေထာင္ေက်ာ္သာ စစ္ေဆးႏိုင္ေသးသည္။

“(စစ္ေဆးဖို႔အတြက္) စက္ေတြက ရွိတယ္။ ဝန္ထမ္းေတြက ေတာ္ေတာ္ေလး လက္ပန္းက်သေလာက္ကို ျဖစ္ေနၿပီ။ ဒါကို ခ်ိန္ဆၿပီး လုပ္ေနရပါတယ္” ဟု ေဒါက္တာျမင့္ေထြးက ေျပာၾကားသည္။အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ ဆရာဝန္မ်ားသည္ ည ၃နာရီ ၄နာရီအထိ လုပ္ကိုင္ေနရေၾကာင္း၊ Quarantine ဝင္ရသူ အားလုံးကို ေရာဂါစစ္ေဆးေပးရန္ မျဖစ္ႏိုင္ေသာ္လည္း ယခုထက္ ပိုမိုတိုးျမႇင့္ စစ္ေဆးသြားမည္ျဖစ္ေၾကာင္း ၎က ေျပာဆိုသည္။

အေစာပိုင္းတြင္ ေရာဂါလကၡဏာရွိသူမ်ားကိုသာ စစ္ေဆးခဲ့ေသာ္လည္း မလုံေလာက္သျဖင့္ ဧၿပီလ ၁၅ ရက္ေန႔မွ ေမလ ၁၆ ရက္ေန႔အထိ အသြားအလာကန္႔သတ္ေစာင့္ၾကည့္ခံရသူ ငါးရာခိုင္ႏႈန္းမွ ၁၀ ရာခိုင္ႏႈန္း အထိ တိုးျမႇင့္စစ္ေဆးခဲ့ေၾကာင္း ၎က ဆိုသည္။ယင္းအျပင္ ျပည္ပမွ ေလယာဥ္၊ နယ္စပ္ဂိတ္တို႔မွ ျပန္လာသူ အားလုံးကို ေမလ ၁၇ ရက္ေန႔မွ စတင္ကာ ေရာဂါရွိမရွိ စစ္ေဆးေနၿပီျဖစ္ေၾကာင္း၊ ေရာဂါကူးစက္ခံရႏိုင္ေျခရွိသည့္ က်န္းမာေရးဝန္ထမ္းမ်ား၊ နယ္စပ္ဂိတ္မ်ား၌ ျပည္ေတာ္ျပန္မ်ားလက္ခံရာတြင္ ကူညီေနၾကသည့္ ေစတနာ့ဝန္ထမ္းမ်ား၊ က်န္းမာေရး ဝန္ထမ္းမ်ား စသည္တို႔ကိုလည္း ေရာဂါရွိမရွိ စစ္ေဆးေနေၾကာင္း ေဒါက္တာျမင့္ေထြးက ေျပာဆိုသည္။

Quarantine ဝင္ရသူ ရွစ္ေထာင္ေက်ာ္ (၈၈၃၃ဦး) ကို ေရာဂါ ရွိမရွိ စစ္ေဆးထားၿပီးခ်ိန္တြင္ ေရာဂါေတြ႕ ရွိသူမွာ သုည ဒသမ ၂ ရာခိုင္ႏႈန္းသာရွိသည္ကို ေတြ႕ရေၾကာင္း၊ သို႔ေသာ္လည္း မၾကာခင္ကာလတြင္ ပိုမို စစ္ေဆးေပးႏိုင္မည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။မႏၲေလး၊ ေတာင္ႀကီး၊ ေမာ္လၿမိဳင္တို႔တြင္ ကိုဗစ္စစ္ေဆးႏိုင္သည့္ စက္မ်ားတပ္ဆင္ကာ ဇြန္လဆန္းတြင္ စတင္ စစ္ေဆးႏိုင္မည္ျဖစ္ၿပီး ေနရာ ၂၆ခုႏွင့္ ၿမိဳ႕နယ္ ၁၅ ခုတို႔တြင္လည္း ေရာဂါ ရွိမရွိ စစ္ေဆးႏိုင္ေအာင္ လုပ္ေဆာင္ေနေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားသည္။တပ္မေတာ္က လူေျခာက္ရာေက်ာ္ကို ဓာတ္ခြဲစစ္ေဆးေပးထားေၾကာင္း ၎က ဆိုသည္။ယေန႔အထိ ျမန္မာႏိုင္ငံတြင္ ကိုဗစ္ပိုးေတြ႕ရွိသူ စုစုေပါင္း ၁၉၉ ဦး၊ ပိုးကင္းစင္သူ ၁၁၆ဦးႏွင့္ ေသဆုံးသူ ေျခာက္ဦး ရွိေနၿပီျဖစ္သည္။

Credit The Voice

UNICODE

မြန်မာနိုင်ငံတွင် အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူ (Quarantine) နှစ်သိန်းတစ်သောင်းကျော်ရှိပြီး ၎င်းတို့ အားလုံးကို ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးရန် မဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုအရေးပေါ်စီမံချက် အကောင်အထည်ဖော်ရန် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့ (IDA) တို့ထံမှ အမေရိကန်ဒေါ်လာသန်း ၅၀ ချေးငွေရယူမှုနှင့် ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်းထားမှုကို ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် လာ ရောက် ဖြေကြားစဉ် ယင်းသို့ ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

“ဒီနှစ်သိန်းတစ်သောင်းကို စစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ပြည်ထောင်စုဝန်ကြီးက ပြောဆို သည်။လက်ရှိတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၌ ၂၄ နာရီစလုံး လည်ပတ်လျှင် လူ ၇၅၀ ၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးနိုင်ပြီး ဆေးသုတေသနဦးစီးဌာနတွင် ၃၇၀ စစ်ဆေးနိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့ကြောင့် လက်ရှိအခြေအနေတွင် တစ်ရက်လျှင် အမြင့်ဆုံး တစ်ထောင်ကျော်သာ စစ်ဆေးနိုင်သေးသည်။

“(စစ်ဆေးဖို့အတွက်) စက်တွေက ရှိတယ်။ ဝန်ထမ်းတွေက တော်တော်လေး လက်ပန်းကျသလောက်ကို ဖြစ်နေပြီ။ ဒါကို ချိန်ဆပြီး လုပ်နေရပါတယ်” ဟု ဒေါက်တာမြင့်ထွေးက ပြောကြားသည်။အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဆရာဝန်များသည် ည ၃နာရီ ၄နာရီအထိ လုပ်ကိုင်နေရကြောင်း၊ Quarantine ဝင်ရသူ အားလုံးကို ရောဂါစစ်ဆေးပေးရန် မဖြစ်နိုင်သော်လည်း ယခုထက် ပိုမိုတိုးမြှင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အစောပိုင်းတွင် ရောဂါလက္ခဏာရှိသူများကိုသာ စစ်ဆေးခဲ့သော်လည်း မလုံလောက်သဖြင့် ဧပြီလ ၁၅ ရက်နေ့မှ မေလ ၁၆ ရက်နေ့အထိ အသွားအလာကန့်သတ်စောင့်ကြည့်ခံရသူ ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း အထိ တိုးမြှင့်စစ်ဆေးခဲ့ကြောင်း ၎င်းက ဆိုသည်။ယင်းအပြင် ပြည်ပမှ လေယာဉ်၊ နယ်စပ်ဂိတ်တို့မှ ပြန်လာသူ အားလုံးကို မေလ ၁၇ ရက်နေ့မှ စတင်ကာ ရောဂါရှိမရှိ စစ်ဆေးနေပြီဖြစ်ကြောင်း၊ ရောဂါကူးစက်ခံရနိုင်ခြေရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ နယ်စပ်ဂိတ်များ၌ ပြည်တော်ပြန်များလက်ခံရာတွင် ကူညီနေကြသည့် စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ စသည်တို့ကိုလည်း ရောဂါရှိမရှိ စစ်ဆေးနေကြောင်း ဒေါက်တာမြင့်ထွေးက ပြောဆိုသည်။

Quarantine ဝင်ရသူ ရှစ်ထောင်ကျော် (၈၈၃၃ဦး) ကို ရောဂါ ရှိမရှိ စစ်ဆေးထားပြီးချိန်တွင် ရောဂါတွေ့ ရှိသူမှာ သုည ဒသမ ၂ ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရကြောင်း၊ သို့သော်လည်း မကြာခင်ကာလတွင် ပိုမို စစ်ဆေးပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်တို့တွင် ကိုဗစ်စစ်ဆေးနိုင်သည့် စက်များတပ်ဆင်ကာ ဇွန်လဆန်းတွင် စတင် စစ်ဆေးနိုင်မည်ဖြစ်ပြီး နေရာ ၂၆ခုနှင့် မြို့နယ် ၁၅ ခုတို့တွင်လည်း ရောဂါ ရှိမရှိ စစ်ဆေးနိုင်အောင် လုပ်ဆောင်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။တပ်မတော်က လူခြောက်ရာကျော်ကို ဓာတ်ခွဲစစ်ဆေးပေးထားကြောင်း ၎င်းက ဆိုသည်။ယနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၉၉ ဦး၊ ပိုးကင်းစင်သူ ၁၁၆ဦးနှင့် သေဆုံးသူ ခြောက်ဦး ရှိနေပြီဖြစ်သည်။

Credit The Voice

Be the first to comment

Leave a Reply

Your email address will not be published.


*