ဒီေန႔က်ေရာက္တဲ့ေမြးေန႔မွာ သိန္းရာခ်ီတန္တဲ့ နာရီတစ္လုံး လက္ေဆာင္ရလိုက္တဲ့ ထူးေအာင္

ဒီေန႔ေမလ (၂၂)ရက္ေန႔ေလးကေတာ့ ႏႈတ္ခမ္းနီမေလးေတြရဲ႕အသည္းေက်ာ္ထူးေအာင္ရဲ႕ (၂၇) ႏွစ္ျပည့္ေမြးေန႔ပဲ ျဖစ္ပါတယ္။ ထူးေအာင္ကေတာ့ ဒီေန႔က်ေရာက္တဲ့သူ႔ရဲ႕ေမြးေန႔ေလးမွာ သိန္း(၁၇၀)တန္ နာရီတစ္လုံးနဲ႔ အျခားေသာလက္ေဆာင္ေတြ လက္ခံရရွိခဲ့ေၾကာင္း မွ်ေဝခဲ့ပါတယ္။

ဒီေန႔ေမြးေန႔ေလးမွာေတာ့ အမည္မသိပရိသတ္တစ္ဦးဆီကေန လက္နဲ႔ဆြဲထားတဲ့ပန္းခ်ီကားတစ္ခ်ပ္၊ (၂) ႏွစ္ခံတဲ့ ပန္းစည္း၊ ေမြးေန႔ကိတ္အျပင္ သိန္း(၁၇၀)တန္ နာရီတစ္လုံး၊ ခ်စ္ရတဲ့ညီေလးဆီက Apple Watch Series 5 ရရွိခဲ့ပါတယ္တဲ့။ အခုလိုအခ်ိန္မ်ိဳးမွာ သတိတရနဲ႔ လက္ေဆာင္ေတြေပးခဲ့တဲ့ သူေတြကိုလည္း ေက်းဇူးတင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ထပ္ၿပီးေတာ့ သူ႔ရဲ႕ေမြးေန႔အလႉေလးအျဖစ္ ေက်ာ္သူနာေရးကူညီမႈအသင္းမွာ ေငြက်ပ္(၁၀)သိန္း၊ လူ(၁၅၀)စာ ထမင္း၊ဟင္း အာဟာရဒါနအလႉနဲ႔ အမာခံပရိသတ္ေတြက လႉဒါန္းေငြ ႏွစ္သိန္းရွစ္ေသာင္းတို႔ကို သြားေရာက္လႉဒါန္းေပးခဲ့ၿပီး ပရဟိတအလႉအေနနဲ႔ dead body သယ္ေဆာင္ျခင္း၊ နာေရးကားေမာင္းျခင္းတို႔ကို ျပဳလုပ္ေပးခဲ့ပါတယ္။ ပရိသတ္ႀကီးေရ ဒီေန႔က်ေရာက္တဲ့ ထူးေအာင္ရဲ႕ေမြးေန႔ေလးကေတာ့ ခ်စ္ရသူေတြရဲ႕လက္ေဆာင္ေတြနဲ႔အတူ တန္ဖိုးရွိတဲ့အလႉဒါနေတြျပဳလုပ္ရင္း ကုန္ဆုံးခဲ့တာမို႔ ထူးေအာင္ကေတာ့ တန္ဖိုးရွိေသာ ကြၽန္ေတာ္ေမြးေန႔ဆိုၿပီး ပရိသတ္ေတြပါေပ်ာ္ရေအာင္ မွ်ေဝေပးခဲ့တာပဲ ျဖစ္ပါတယ္။

Source – Htoo Aung
Credit Cele Gabar

UNICODE

ဒီနေ့မေလ (၂၂)ရက်နေ့လေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော်ထူးအောင်ရဲ့ (၂၇) နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။ ထူးအောင်ကတော့ ဒီနေ့ကျရောက်တဲ့သူ့ရဲ့မွေးနေ့လေးမှာ သိန်း(၁၇၀)တန် နာရီတစ်လုံးနဲ့ အခြားသောလက်ဆောင်တွေ လက်ခံရရှိခဲ့ကြောင်း မျှဝေခဲ့ပါတယ်။

ဒီနေ့မွေးနေ့လေးမှာတော့ အမည်မသိပရိသတ်တစ်ဦးဆီကနေ လက်နဲ့ဆွဲထားတဲ့ပန်းချီကားတစ်ချပ်၊ (၂) နှစ်ခံတဲ့ ပန်းစည်း၊ မွေးနေ့ကိတ်အပြင် သိန်း(၁၇၀)တန် နာရီတစ်လုံး၊ ချစ်ရတဲ့ညီလေးဆီက Apple Watch Series 5 ရရှိခဲ့ပါတယ်တဲ့။ အခုလိုအချိန်မျိုးမှာ သတိတရနဲ့ လက်ဆောင်တွေပေးခဲ့တဲ့ သူတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ထပ်ပြီးတော့ သူ့ရဲ့မွေးနေ့အလှူလေးအဖြစ် ကျော်သူနာရေးကူညီမှုအသင်းမှာ ငွေကျပ်(၁၀)သိန်း၊ လူ(၁၅၀)စာ ထမင်း၊ဟင်း အာဟာရဒါနအလှူနဲ့ အမာခံပရိသတ်တွေက လှူဒါန်းငွေ နှစ်သိန်းရှစ်သောင်းတို့ကို သွားရောက်လှူဒါန်းပေးခဲ့ပြီး ပရဟိတအလှူအနေနဲ့ dead body သယ်ဆောင်ခြင်း၊ နာရေးကားမောင်းခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါတယ်။ ပရိသတ်ကြီးရေ ဒီနေ့ကျရောက်တဲ့ ထူးအောင်ရဲ့မွေးနေ့လေးကတော့ ချစ်ရသူတွေရဲ့လက်ဆောင်တွေနဲ့အတူ တန်ဖိုးရှိတဲ့အလှူဒါနတွေပြုလုပ်ရင်း ကုန်ဆုံးခဲ့တာမို့ ထူးအောင်ကတော့ တန်ဖိုးရှိသော ကျွန်တော်မွေးနေ့ဆိုပြီး ပရိသတ်တွေပါပျော်ရအောင် မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။

Source – Htoo Aung
Credit Cele Gabar

Be the first to comment

Leave a Reply

Your email address will not be published.


*