ကုိဗစ္လူနာအမ်ားဆံုးရွိတဲ့ အင္းစိန္မွာ ပင္စင္ထုတ္ေနၾကတဲ့ သက္ႀကီးရြယ္အိုမ်ားရဲ႕ျမင္ကြင္း

ဒါကေတာ့ ကုိရုိနာဗုိင္းရပ္စ္ ကူးစက္လူနာအမ်ားဆုံးေတြ႕ရွိထားတဲ့အင္းစိန္ၿမိဳ႕နယ္က ပင္စင္လာထုတ္သူေတြပါ။ လူစုလူေဝးနဲ႔သက္ႀကီး႐ြယ္အိုေတြဆိုတာ ကုိရုိနာဗုိင္းရပ္စ္ရဲ႕သားေကာင္ေတြပါ။ တန္းစီဖို႔ေနရာ စီစဥ္ေပးထားေပမယ့္ လူအမ်ားႀကီးအတြက္ မလုံေလာက္ပါဘူး။ဒီလူပမာဏ အတိုင္း ၆ ေပကြာေနရာစီစဥ္ျပန္ရင္လည္း အင္းစိန္ကေနလွည္းတန္းထိေတာင္ ေလာက္မယ္မထင္ပါဘူး။ ၂၁ ရက္ကေန လကုန္ထိ ပင္စင္လစာလာထုတ္လို႔ရတယ္ဆိုေပမယ့္ မ်ားျပားလွတဲ့ ပင္စင္စားပမာဏနဲ႔ သူတို႔ရဲ႕စားဝတ္ေနေရးအခက္အခဲအရ ေစာင့္ဆိုင္းႏိုင္ပါ့မလားဆိုတာေတာ့ ကြၽန္ေတာ္မသိႏိုင္ပါဘူး။

ပင္စင္စာအုပ္နဲ႔ ပင္စင္စားကတ္ျပား (နာမည္မသိပါ) ျပၿပီး လစာေငြထုတ္ရတယ္လို႔သိရပါတယ္။ သူတို႔အတြက္ ဘဏ္စာအုပ္လုပ္ၿပီးထည့္ေပးထားတာမ်ိဳး၊ ATM card လုပ္ၿပီး ATM ကေနေငြထုတ္ေစတာမ်ိဳးလုပ္ေပးလို႔မရဘူးလား။သက္ႀကီး႐ြယ္အိုေတြအတြက္ အနဲဆုံးေတာ့တန္းစီရတဲ့အခ်ိန္ေတြ၊ ပင္ပန္းမႈေတြ၊ မလိုအပ္တဲ့လူစုလူေဝးေတြ၊ ကူးစက္ေရာဂါေတြ သက္သာသြားမွာပါ။ Covid-19 အတြက္ဦးတည္ေျပာေနတာမဟုတ္သလို၊ ခ်က္ခ်င္းလုပ္ေပးသင့္တယ္လို႔လည္း ဆိုလိုတာမဟုတ္ပါဘူး။ ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ ႏိုင္ငံတာဝန္ထမ္းေဆာင္ခဲ့တဲ့ သက္ႀကီး႐ြယ္အိုေတြကို ျပန္လည္ေစာင့္ေရွာက္သင့္တယ္ထင္လို႔ပါ။ဗုိင္းရပ္စ္ဆိုတာ Covid-19 မွမဟုတ္ဘူး၊ ဒီတစ္ခုေပ်ာက္သြားလည္း ေနာက္တစ္ခုေပၚလာမွာပဲ။ တစ္ႏွစ္ၿပီး တစ္ႏွစ္ ပင္စင္စားေတြက တိုးလာမွာပါ။ လက္ရွိလူေတြ အဆင္မေျပရင္ေတာင္ ေနာက္ေနာင္လူေတြ အဆင္ေျပေစခ်င္ပါတယ္။

ATM တို႔ ဘဏ္စာအုပ္တို႔ဆိုတာ ဒီဘက္ေခတ္မွာနည္းပညာအရ ခက္ခဲတဲ့အရာေတြမဟုတ္ပါဘူး။ လုပ္ေပးခ်င္ရင္ရပါတယ္။ ဘယ္အရာမဆို အေျပာင္းအလဲ (Change) တစ္ခုလုပ္မယ္ဆိုတိုင္း အစီအစဥ္တက် (Plan) နဲ႔လုပ္ႏိုင္ရင္ အခက္အခဲ (risk) နဲနဲနဲ႔ ေအာင္ျမင္ႏိုင္ပါတယ္။ကြၽန္ေတာ္ငယ္ငယ္က ၾကားဖူးတဲ့ပုံျပင္ေလးတစ္ခုရွိပါတယ္။ ပါေမာကၡခ်ဳပ္ကို ဆရာဆရာမေတြက ေက်ာင္းသား‌ေတြအေၾကာင္းတိုင္ပါတယ္တဲ့။ အေၾကာင္းကေတာ့ ေက်ာင္းသားေတြဟာ ေက်ာင္းလမ္းကိုအသုံးမျပဳပဲ ျမက္ခင္းေတြေပၚကျဖတ္ေလ်ာက္ၾကလို႔ ျမက္ခင္းေတြပ်က္စီးကုန္ပါတယ္တဲ့။အဲေတာ့ပါေမာကၡက ေက်ာင္းသားေတြသြားတဲ့ ျမက္ခင္းေပၚမွာ လမ္းေဖာက္ေပးလိုက္ပါတယ္။ ဒီေတာ့မွေက်ာင္းသားေတြဟာ ျမက္ခင္းေပၚျဖတ္မေလ်ာက္ေတာ့ပဲ ပါေမာကၡေဖာက္ေပးတဲ့လမ္းကိုပဲ အသုံးျပဳၾကေတာ့တယ္တဲ့။ျပႆနာကိုအမဲလိုက္ႏိုင္ရင္ အေျဖရမွာပါ။ အားလုံး ေရာဂါဘယကင္းေဝးၿပီး က်န္းမာခ်မ္းသာၾကပါေစ။

Credit Aung Thu Hein (Hitelar)

UNICODE

ဒါကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာအများဆုံးတွေ့ရှိထားတဲ့အင်းစိန်မြို့နယ်က ပင်စင်လာထုတ်သူတွေပါ။ လူစုလူဝေးနဲ့သက်ကြီးရွယ်အိုတွေဆိုတာ ကိုရိုနာဗိုင်းရပ်စ်ရဲ့သားကောင်တွေပါ။ တန်းစီဖို့နေရာ စီစဉ်ပေးထားပေမယ့် လူအများကြီးအတွက် မလုံလောက်ပါဘူး။ဒီလူပမာဏ အတိုင်း ၆ ပေကွာနေရာစီစဉ်ပြန်ရင်လည်း အင်းစိန်ကနေလှည်းတန်းထိတောင် လောက်မယ်မထင်ပါဘူး။ ၂၁ ရက်ကနေ လကုန်ထိ ပင်စင်လစာလာထုတ်လို့ရတယ်ဆိုပေမယ့် များပြားလှတဲ့ ပင်စင်စားပမာဏနဲ့ သူတို့ရဲ့စားဝတ်နေရေးအခက်အခဲအရ စောင့်ဆိုင်းနိုင်ပါ့မလားဆိုတာတော့ ကျွန်တော်မသိနိုင်ပါဘူး။

ပင်စင်စာအုပ်နဲ့ ပင်စင်စားကတ်ပြား (နာမည်မသိပါ) ပြပြီး လစာငွေထုတ်ရတယ်လို့သိရပါတယ်။ သူတို့အတွက် ဘဏ်စာအုပ်လုပ်ပြီးထည့်ပေးထားတာမျိုး၊ ATM card လုပ်ပြီး ATM ကနေငွေထုတ်စေတာမျိုးလုပ်ပေးလို့မရဘူးလား။သက်ကြီးရွယ်အိုတွေအတွက် အနဲဆုံးတော့တန်းစီရတဲ့အချိန်တွေ၊ ပင်ပန်းမှုတွေ၊ မလိုအပ်တဲ့လူစုလူဝေးတွေ၊ ကူးစက်ရောဂါတွေ သက်သာသွားမှာပါ။ Covid-19 အတွက်ဦးတည်ပြောနေတာမဟုတ်သလို၊ ချက်ချင်းလုပ်ပေးသင့်တယ်လို့လည်း ဆိုလိုတာမဟုတ်ပါဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတာဝန်ထမ်းဆောင်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေကို ပြန်လည်စောင့်ရှောက်သင့်တယ်ထင်လို့ပါ။ဗိုင်းရပ်စ်ဆိုတာ Covid-19 မှမဟုတ်ဘူး၊ ဒီတစ်ခုပျောက်သွားလည်း နောက်တစ်ခုပေါ်လာမှာပဲ။ တစ်နှစ်ပြီး တစ်နှစ် ပင်စင်စားတွေက တိုးလာမှာပါ။ လက်ရှိလူတွေ အဆင်မပြေရင်တောင် နောက်နောင်လူတွေ အဆင်ပြေစေချင်ပါတယ်။

ATM တို့ ဘဏ်စာအုပ်တို့ဆိုတာ ဒီဘက်ခေတ်မှာနည်းပညာအရ ခက်ခဲတဲ့အရာတွေမဟုတ်ပါဘူး။ လုပ်ပေးချင်ရင်ရပါတယ်။ ဘယ်အရာမဆို အပြောင်းအလဲ (Change) တစ်ခုလုပ်မယ်ဆိုတိုင်း အစီအစဉ်တကျ (Plan) နဲ့လုပ်နိုင်ရင် အခက်အခဲ (risk) နဲနဲနဲ့ အောင်မြင်နိုင်ပါတယ်။ကျွန်တော်ငယ်ငယ်က ကြားဖူးတဲ့ပုံပြင်လေးတစ်ခုရှိပါတယ်။ ပါမောက္ခချုပ်ကို ဆရာဆရာမတွေက ကျောင်းသား‌တွေအကြောင်းတိုင်ပါတယ်တဲ့။ အကြောင်းကတော့ ကျောင်းသားတွေဟာ ကျောင်းလမ်းကိုအသုံးမပြုပဲ မြက်ခင်းတွေပေါ်ကဖြတ်လျောက်ကြလို့ မြက်ခင်းတွေပျက်စီးကုန်ပါတယ်တဲ့။အဲတော့ပါမောက္ခက ကျောင်းသားတွေသွားတဲ့ မြက်ခင်းပေါ်မှာ လမ်းဖောက်ပေးလိုက်ပါတယ်။ ဒီတော့မှကျောင်းသားတွေဟာ မြက်ခင်းပေါ်ဖြတ်မလျောက်တော့ပဲ ပါမောက္ခဖောက်ပေးတဲ့လမ်းကိုပဲ အသုံးပြုကြတော့တယ်တဲ့။ပြဿနာကိုအမဲလိုက်နိုင်ရင် အဖြေရမှာပါ။ အားလုံး ရောဂါဘယကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ။

Credit Aung Thu Hein (Hitelar)

Be the first to comment

Leave a Reply

Your email address will not be published.


*